DVB Logo
Home
မြန်မာသတင်း
ရဲတပ်ဖွဲ့နှင့် ရေမဆေးကျောက်ရှာသူများ ပဋိပက္ခဖြစ်၊ ရေမဆေး ၂ ဦးနှင့် ရဲ ၁ ဦး သေဆုံး (ရုပ်သံ)
DVB
·
November 7, 2017
ရဲတပ်ဖွဲ့နှင့် ရေမဆေးကျောက်ရှာသူများ ပဋိပက္ခဖြစ်၊ ရေမဆေး ၂ ဦးနှင့် ရဲ ၁ ဦး သေဆုံး (ရုပ်သံ)
Donate to DVB

ဖားကန့်မှာ မနေ့ ညနေက လုပ်ကွက်လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေနဲ့ ရေမဆေးကျောက် ရှာသူတွေ ပဋိပက္ခဖြစ်ပြီး ရေမဆေးသမား ၂ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ပါတယ်။

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး နိုဝင်ဘာ ၆ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်လောက်က ရတနာစမ်းရွှင် ကျောက်စိန်း တူးဖော်ရေးကုမ္ပဏီလုပ်ကွက်အတွင်း လုပ်ကွက်လုံခြုံရေး ရဲတပ်ရင်း ၃၀ မှ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရေမဆေးကျောက်ရှာဖွေသူ (ဒေသအခေါ် ရေမဆေး) တွေ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ရေမဆေးသမား အောင်နိုင်စိုး (၁၉ နှစ်) နဲ့ အခြားတဦး သေဆုံးပြီး ရေမဆေးတွေရဲ့ ဝိုင်းဝန်းရိုက်နှက်တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ဒုတပ်ကြပ် အောင်ခိုင် သေဆုံးခဲ့တယ်လို့ ဆိပ်မူကျေးရွာ ရဲကင်းမှူးထံမှ သိရပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရေမဆေးကျောက်ရှာသူတွေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး လွှတ်တော်မှာ တင်ပြဆွေးနွေးသွားဖို့ရှိတယ်လို့ ဖားကန့်မြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက ပြောပါတယ်။

“ဒီလိုပစ်ခံရပြီး သေဆုံးတဲ့ကိစ္စတွေက ခဏခဏဖြစ်နေပြီ။ ဒီတခေါက် လွှတ်တော် ပြန်တက်ရင်တော့ ဒီကိစ္စကို ဆွေးနွေးဖို့ ရှိပါတယ်။ လူကြီးတွေ ဘယ်လိုပြောမလဲ ဆိုတာ နားထောင်ရဦးမှာပေါ့။”

အခင်းဖြစ်ပွားမှုနဲ့ အရေးယူဆောင်ရွက်တာတွေကို သိရှိနိုင်ဖို့ ဖားကန့် ရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

သတင်း - ဇော်မိုးထက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ရဲတပ်ဖွဲ့နှင့် ရေမဆေးကျောက်ရှာသူများ ပဋိပက္ခဖြစ်၊ ရေမဆေး ၂ ဦးနှင့် ရဲ ၁ ဦး သေဆုံး (ရုပ်သံ)