DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းငယ်အရှိန်ကြောင့် ပြည်နယ်နှင့် တိုင်း ၆ ခုတွင် မိုးရွာနိုင်
DVB
·
November 7, 2017
မုန်တိုင်းငယ်အရှိန်ကြောင့် ပြည်နယ်နှင့် တိုင်း ၆ ခုတွင် မိုးရွာနိုင်
Donate to DVB

ထိုင်းပင်လယ်ကွေ့မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် ပြည်နယ်နဲ့ တိုင်း ၆ ခုမှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တာ ဖြစ်ပါတယ်။

မြန်မာ့ပင်လယ်ပြင် မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ တခါတရံ အရှေ့ဘက်က လေပြင်းတွေတိုက်ခတ်ပြီး လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်တယ်၊ အရှေ့ဘက်က လေပြင်းတွေတိုက်ခတ်စဉ် ရေပြင်/မြေပြင်လေဟာ တနာရီ မိုင် ၃၀ ကနေ ၃၅ မိုင်အထိ တိုက်ခတ်နိုင်တယ်၊

ကျန်မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိပြီး မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ လှိုင်းအမြင့် ၆ ပေမှ ၉ ပေခန့်၊ ကျန်မြန်မာ့ပင်လယ်ပြင်မှာ ၃ ပေကနေ ၅ ပေခန့် ရှိနိုင်တယ်လို့ မိုးဇလသတင်းမှာ ဖော်ပြပါတယ်။

မုန်တိုင်းငယ်ဟာ နောက် ၁၈ နာရီအတွင်း ထိုင်းနိုင်ငံကမ်းခြေကို ချန်ဖုန်း (Chumphon) မြို့အနီးကနေ ဖြတ်ကျော်ဝင်ရောက်ပြီး ကပ္ပလီပင်လယ်ပြင်ကို ရောက်ရှိမယ်လို့  ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013