DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် အကြမ်းဖက်သမားများ ပြုလုပ်ထားသည့် လိုဏ်ဂူများ တွေ့ရှိ (ဓာတ်ပုံ)
DVB
·
November 7, 2017
မောင်တောတွင် အကြမ်းဖက်သမားများ ပြုလုပ်ထားသည့် လိုဏ်ဂူများ တွေ့ရှိ (ဓာတ်ပုံ)
1 / 12
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတွေ ပြုလုပ်ထားတဲ့ လိုဏ်ဂူတွေနဲ့ စားနပ်ရိက္ခာတွေ ရှာဖွေတွေ့ရှိတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့က မောင်တောမြို့နယ်၊ ကျောက်ပန္တုကျေးရွာအလယ်ရှိ တောင်ကုန်းငယ်မှာ အလျား ၁၅ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၅ ပေရှိ သစ်လုံးတွေမိုးထားပြီး ပျဉ်ခင်းထားတဲ့ လူလုပ်လိုဏ်ဂူတခုနဲ့ အကြမ်းဖက်သမားတွေ သိုဝှက်ထားတဲ့ ရေစိုပျက်စီးနေတဲ့ ဆန်အိတ် ၁၃ အိတ်၊ ရေပုံးအမည်း ၁ ပုံးတို့ကို  ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင် သင်္ဘောကွေ့ကျေးရွာ အရှေ့ဘက်တောင်ကုန်းမှာ အမြင့် ၄ ပေ၊ အနံ ၃ ပေရှိတဲ့ ကျောက်သားကို ထွင်းထားတဲ့ လိုဏ်ဂူတခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။

လိုဏ်ဂူဟာ အပေါက်ဝကနေ ပေ ၂၀ လောက် ဝင်ရောက်သွားပါက လမ်းခွဲ ၂ ခုရှိပြီး ယာဘက်လမ်းခွဲ အရှည် ၃၅ပေ ခန့်ရှိသလို ဘေးဝဲယာနံရံတွေမှာ ၂ ပေခန့်ရှိတဲ့ လူနေထိုင် အိပ်စက်နိုင်တဲ့ နေရာတွေနဲ့ အဆုံးမှာ ၅ ပေပတ်လည် အကျယ်ရှိတဲ့ မြေလွတ်တခုတို့ကို ပြုလုပ်ထားတယ်၊

ဝဲဘက်လမ်းခွဲဟာ ပေ ၄၀ ခန့်ရှည်လျားပြီး ဘေးဝဲယာနံရံတွေမှာ ၂ ပေခန့်ရှိတဲ့ လူနေထိုင် အိပ်စက်ဖို့ နေရာတွေနဲ့  လမ်းအဆုံးမှာ ထွက်ပေါက်တခု ပြုလုပ်ထားတယ်၊

အဲဒီလိုဏ်ဂူဟာ အရင်က အကြမ်းဖက်သမား အင်အား ၂၀ ဦးကနေ ၂၅ ဦးခန့် နေထိုင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပြီး လိုဏ်အတွင်းကနေ ဆန်အိတ်ပိုင်း ၅ ပိုင်း၊ ဆီပုံးခွံ ၁ ခု၊ သင်္ဘောကွေ့ကျေးရွာနေ မာမတ်တူဆောင်း (ဘ) မိုဟာမတ်ကာလာမျာနဲ့ ကျောက်ပန္တုကျေးရွာနေ အဒူဟာလိပ် (ဘ) အာဘူဟာရှိန်းတို့ရဲ့ အမည်တွေပါရှိတဲ့ ကျောင်းသားကတ် ၂ ခု၊ ကိုရမ်ကျမ်းစာအုပ် ၃ အုပ်၊ ဟောင်းနွမ်းနေတဲ့ အင်္ကျီ ၃ ထည်တို့ကိုလည်း ရှာဖွေတွေ့ရှိတယ်လို့ တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။

အလားတူ နိုဝင်ဘာ ၆ ရက်မှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဲဒီ ကျေးရွာ ၂ ရွာမှာ ရှာဖွေရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ခဲ့ရာ ကျောက်ပန္တုကျေးရွာ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာမှာ အကျယ် ၃ ပေ၊ အမြင့် ၅ ပေခွဲ၊ အရှည် ပေ ၁၃၀ ခန့်ရှိ ကျောက်လိုဏ်ဂူ (ဒေသအခေါ် ကာဆင်းဂူ) တခုကို ထပ်မံရှာဖွေတွေ့ရှိခဲ့ပါတယ်။

လိုဏ်ဂူတွေ တွေ့ရှိခဲ့တဲ့ ကျေးရွာတွေနဲ့ အနီးတဝိုက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အသေးစိတ် စစ်ဆေးရှာဖွေနေတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
မောင်တောတွင် အကြမ်းဖက်သမားများ ပြုလုပ်ထားသည့် လိုဏ်ဂူများ တွေ့ရှိ (ဓာတ်ပုံ)