DVB Logo
Home
မြန်မာသတင်း
၆၂ နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနား ကျင်းပ (ဓာတ်ပုံ)
DVB
·
November 7, 2017
၆၂ နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနား ကျင်းပ (ဓာတ်ပုံ)
1 / 17
Donate to DVB

၆၂ နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ဘားအံမြို့ရှိ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်မှာ ဒီနေ့မနက် ၇ နာရီက ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က သဝဏ်လွှာပေးပို့ခဲ့ပြီး ဒုတိယသမ္မတ-၁ ဦးမြင့်ဆွေ တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားမှာ ပြည်နယ်ဂုဏ်ဆောင် ထူးချွန်ဆုတွေ ပေးအပ်ခဲ့ရာ မြို့နယ်အလိုက် တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်သူတွေ၊ အစိုးရနည်းပညာအထက်တန်းကျောင်း၊ ဘားအံပညာရေးကောလိပ် ထူးချွန်သူတွေ၊ အားကစားထူးချွန်ဆု၊ စိုက်ပျိုးမွေးမြူရေးထူးချွန်ဆု၊ နိုင်ငံတော်အဆင့် ထူးချွန်ဆုတွေ ပါဝင်ပါတယ်။

ဘားအံမြို့ရှိ နိုင်ငံတော်အခမ်းအနားတွေ၊ ပြည်နယ်အခမ်းအနားတွေ ကျင်းပရာ သီရိကွင်းမှာလည်း ဝန်ကြီးဌာနပြခန်းတွေ၊ ဒေသထွက်ကုန်တွေ၊ စက်မှုလက်မှုပြခန်းတွေ၊ ဈေးရောင်းပွဲတော်တွေ၊ ရိုးရာလှေလှော်ပြိုင်ပွဲ၊ ရိုးရာလက်ဝှေ့ပြိုင်ပွဲတွေကိုလည်း ၅ ရက်ကြာ ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ - ရူပါအောင်ဝင်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013