DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အေးပက်နှင့် အာဆီယံ စည်းဝေးပွဲ တက်မည်
DVB
·
November 7, 2017
ဒေါ်အောင်ဆန်းစုကြည် အေးပက်နှင့် အာဆီယံ စည်းဝေးပွဲ တက်မည်
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ့် အာဆီယံနိုင်ငံ ခေါင်းဆောင်တွေနဲ့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေးပက်) အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေ သီးသန့်တွေ့ဆုံပွဲ တက်ရောက်မှာဖြစ်ပါတယ်။

နိုဝင်ဘာ ၆ ရက်က ထုတ်ပြန်တဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထရမ် ဒိုင်ကွမ်ရဲ့ ဖိတ်ကြားချက်အရ ဒါနန်းမြို့မှာကျင်းပမယ့် အာဆီယံနိုင်ငံ ခေါင်းဆောင်တွေနဲ့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေးပက်) အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေရဲ့ သီးသန့် တွေ့ဆုံပွဲကို တက်ရောက်မယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရိုဒရီဂို ဒူတာတေးရဲ့ ဖိတ်ကြားချက်အရ မနီလာမြို့မှာ ကျင်းပမယ့် ၃၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေးပက်) တွေ့ဆုံပွဲကို နိုဝင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်တို့မှာ ပြုလုပ်မှာဖြစ်ပြီး အာဆီယံ ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၁၃ ရက်ကနေ ၁၇ ရက်ထိ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013