DVB Logo
Home
မြန်မာသတင်း
ကွတ်ခိုင်တွင် ယာဉ်တိုက်မှုဖြစ်၊ ၅ ဦး သေဆုံး
DVB
·
November 6, 2017
ကွတ်ခိုင်တွင် ယာဉ်တိုက်မှုဖြစ်၊ ၅ ဦး သေဆုံး
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ်ထဲမှာ ဒီနေ့ မနက် ၆ နာရီကျော်က နှစ်ဆယ့်နှစ်ဘီးကားကြီးနဲ့  ပရိုဗောက်စ် ကားငယ်တို့ ပြင်းထန်စွာတိုက်မိပြီး လူ ၅ ဦး အခင်းဖြစ်နေရာမှာ သေဆုံးသွားပါတယ်။

ဒီနေ့မနက် ၆ နာရီခွဲ နဲ့ ၇ နာရီကြား ကွတ်ခိုင်မြို့နယ် မန်လွယ်ကျေးရွာ နမ့်ခိုင်တံတားအနီး ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရတဲ့အတွက် လိုအပ်တဲ့အကူအညီပေးဖို့  အခင်းဖြစ်ပွားရာ နေရာကို ချက်ချင်းလိုက်သွားရာမှာ ၂၂ ဘီးကားနဲ့ လမ်းကြိတ်စက်ကား နှစ်စီးကြား ကျေမွ ပျက်စီးနေတဲ့ ကားငယ်တစီးတွေ့ရပြီး ကားထဲမှာ သေဆုံးနေပြီဖြစ်တဲ့ လူနာတွေကို ကူညီ ဆွဲထုတ်ပေးခဲ့ရတယ်လို့ ကွတ်ခိုင်မြို့ ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်း အတွင်းရေးမှူး ဦးတင်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ရောက်သွားတဲ့အချိန်ကျတော့ အကုန်လုံးက သေဆုံးနေကြပြီလေ။ အကုန်လုံး ၅ ယောက်၊ ကားလေးထဲက လူတွေချည်းပဲ။ အမျိုးသားက ၄ ဦး၊ အမျိုးသမီးက ၁ ဦး၊ အသက်အရွယ်တွေကတော့ ခန့်မှန်းရမယ်ဆိုရင် ၄၀ ကျော်ပါမယ်၊ ၃၀ ကျော်ပါမယ်၊ ၂၀ ကျော်ပါမယ်၊ ဟို မိန်းမတယောက်ဆိုရင် ၃၀ တောင်ပြည့်ရောပြည့်သေးရဲ့လား မသိပါဘူး။ အားလုံး လားရှိုးဘက်ကလာပြီး မူဆယ်ဘက်သွားမလို့တဲ့။ ဖြစ်စဉ်ကတော့ တွဲကားကြီးက အရှိန်လွန်ပြီး လည်ထွက်သွားတဲ့ ပုံတဲ့၊ အဆင်းပိုင်းလည်းဖြစ်တော့ ကားလေးကိုဝင်ပြီးတော့ ကျုံးလိုက်တာ၊ တိုက်တာကတော့ ကားကြီးနဲ့ ကားလေးပဲ။ ဒါပေမယ့် ဒီဘက်မှာ လမ်းကြိတ်စက်ကားကလည်း ရပ်နေတော့ ကားငယ်က ကားကြီး ၂ စီးကြားညှပ်မိသလို ဖြစ်သွားတာပေါ့။ ကားကြီးမောင်းတဲ့လူတော့ ဘာမှ မဖြစ်ဘူး။ ဖြစ်တဲ့နေရာမှာ နမ့်ဖတ်ကာ လူမှုကူညီရေးအသင်းရော၊ ဂေါ်ရခါးယဉ်ကျေးမှုအဖွဲ့တွေရော ၀ိုင်းကူနေကြတယ်။ ကျနော်တို့လည်း သေသူရဲ့ ခန္ဓာအစိတ်အပိုင်းတွေ အနေအထား မပျက်ရအောင် စုံစုံလင်လင် ပါလာအောင် ဂရုစိုက်ပြီး ဆွဲထုတ်စုစည်းယူထုတ်ရတာပေါ့။”

သေဆုံးသူများအနက် ၃ ဦးမှာ လားရှိုးမြို့ ရပ်ကွက် ၄ က ဖြစ်ပြီး ကျန်တဲ့ ၂ ဦးတော့ ဘယ်ကလဲဆိုတာ မသိရသေးကြောင်း၊ သေဆုံးသူ ၃ ဦးကို လားရှိုးလူမှုကူညီရေးအသင်းက လားရှိုးပြန်သယ်သွားပြီဖြစ်ပြီး လောလောဆယ် ကွတ်ခိုင်ဆေးရုံ ရင်ခွဲရုံမှာ ၂ လောင်းကျန်သေး တယ်လို့  ဦးတင်ဝင်းက ပြောသွားပါတယ်။

ယာဉ်တိုက်မှုမှာ ကားကြီးဘက်က အမှားလို့ မျက်မြင်တွေ ပြောဆိုနေကြပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ယာဉ်ထိန်းရဲဘက်က အရေးယူဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့တော့ ဒီဗွီဘီက ကွတ်ခိုင်ရဲစခန်းကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013