DVB Logo
Home
မြန်မာသတင်း
အာရှ-ဥရောပ အစည်းအဝေး အောင်မြင်စွာကျင်းပရေး ဆွေးနွေး
DVB
·
November 6, 2017
အာရှ-ဥရောပ အစည်းအဝေး အောင်မြင်စွာကျင်းပရေး ဆွေးနွေး
Donate to DVB

မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁၇ ကနေ ၂၁ ရက်အထိ ပြုလုပ်မယ့် အေဆမ်(အာရှ-ဥရောပ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျင်းပရေး ဗဟိုကော်မတီရဲ့ တတိယအကြိမ် အစည်းအဝေးကို နေပြည်တော်မှာ ဒီနေ့ လုပ်ခဲ့ပြီး အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကားပြောကြားခဲ့ပါတယ်။

(၁၃)ကြိမ်မြောက် အေဆမ် (အာရှ-ဥရောပ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစည်းအဝေးမှာ သက်ဆိုင်ရာကော်မတီတွေရဲ့ တင်ပြချက်တွေကို ညှိနှိုင်း လမ်းညွှန်ခဲ့တယ်လို့ အတိုင်ပင်ခံရုံးသတင်းမှာ ဖော်ပြပါတယ်။

အေဆမ်(အာရှ-ဥရောပ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၁၆ ခုနှစ်က မွန်ဂိုလီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့ပြီး သမ္မတဦးထင်ကျော် တက်ရောက်ခဲ့ပါတယ်။

အေဆမ် (အာရှ-ဥရောပ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဥရောပနိုင်ငံပေါင်း ၃၀ နဲ့ မိတ်ဖက်အာရှနိုင်ငံပေါင်း ၂၀ တို့က နိုင်ငံ့ခေါင်းဆောင်တွေ၊ ဥရောပ ကောင်စီဥက္ကဋ္ဌ၊ ဥရောပကော်မ ရှင်ဥက္ကဋ္ဌ၊ အီးယူနိုင်ငံခြားရေးရာနဲ့ လုံခြုံရေးမူဝါဒ အထူးကိုယ်စားလှယ်၊ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်တို့ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013