DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ၁ လတွင်း အပြီးရွေးချယ်မည်
DVB
·
November 6, 2017
ရန်ကုန်တိုင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ၁ လတွင်း အပြီးရွေးချယ်မည်
Donate to DVB

 

ရန်ကုန်တိုင်းဒေသကြီးမှာ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို နိုဝင်ဘာလ ၁၀ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ တလအတွင်း အပြီးရွေးချယ်ဖို့ သတ်မှတ်ထားတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောပါတယ်။

“ကျနော်တို့ ရန်ကုန်တိုင်းက တလအတိအကျ သတ်မှတ်လိုက်ပြီ။ အခု ကျနော်မြို့ နယ်မှာ ကြီးကြပ်ရေးအဖွဲ့တွေ စဖွဲ့နေပြီ။ ဒီအဖွဲ့တွေက ရပ်ကွက်ထဲမှာ မဲစာရင်းပြုစုတာက စလို့ အုပ်ချုပ်ရေးမှူးတွေ ရွေးချယ်ပြီးတဲ့အထိ စနစ်တကျဖြစ်အောင် ကြီးကြပ်ရမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အသစ်ပြဋ္ဌာန်းလိုက်တဲ့ တတိယအကြိမ် ရပ်/ကျေးဥပဒေအရ ဆယ်အိမ်မှူးကစပြီး အုပ်ချုပ်ရေးမှူးအထိ ပြည်သူက ရွေးချယ်ခွင့်ရှိပြီး ပြည်သူကိုယ်တိုင်လည်း မည်သူမဆို ပါဝင် ရွေးချယ်ခံပိုင်ခွင့်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013