DVB Logo
Home
မြန်မာသတင်း
တရားဥပဒေ စိုးမိုးရေးအတွက် ပေါင်မြို့တွင် တကိုယ်တော် ဆန္ဒပြ
DVB
·
November 6, 2017
တရားဥပဒေ စိုးမိုးရေးအတွက် ပေါင်မြို့တွင် တကိုယ်တော် ဆန္ဒပြ
Donate to DVB

မွန်ပြည်နယ်၊ ပေါင်မြို့မှာ တရားဥပဒေစိုးမိုးရေးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် နိုင်ငံတော်မှ စီမံခန့်ခွဲပေးဖို့ နိုဝင်ဘာ ၆ ရက်နေ့၊ မနက်ပိုင်းက မြို့ပေါ်ရပ်ကွက် ၃ ခုသို့ လှည့်လည်ကာ တကိုယ်တော် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

တကိုယ်တော်လမ်းလျှောက်ဆန္ဒထုတ်ဖော်ရာမှာ ဒီမိုကရေစီစနစ် အကောင်အထည်ဖော် ကျင့်သုံးနိုင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ အဂတိလိုက်စားမှုပပျောက်ရေးနဲ့ ဘဏ္ဍာငွေများ ယိုဖိတ်နေမှုကို ထိန်းသိမ်းနိုင်ရေး စတဲ့အချက် ၄ ချက် ရေးသားထားတဲ့ ဗီနိုင်းဆိုင်းဘုတ် ကိုင်ဆောင်ကာ အသက် ၅၄ နှစ်အရွယ် ဦးဝင်းညွန့် ဆိုသူက လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

“ပေါင်မြို့နယ်မှာ ဒီအချက် ၄ ချက်နဲ့ ကိုက်ညီနေလို့ အခုလိုဆန္ဒပြရတာပါ။ ဒီ ၄ ချက်ကလည်း အရင်အစိုးရ လက်ထက်ကထက်စာရင် ဒီအစိုးရလက်ထပ်မှာ ပိုပြီးဖြစ်လာတာ တွေ့ရပါတယ်။ နိုင်ငံတော်ဘက်ကလည်း အစိုးရ ဌာနဆိုင်ရာတွေကို စီမံခန့်ခွဲပေးဖို့လိုပါတယ်။ အစိုးရသစ်ကို ယုံကြည်လို့လည်း ဒီအချက်တွေကို အပေါ်ထိ ရောက်စေချင်တဲ့အတွက် အခုလို တကိုယ်တော်ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်။ နိုင်ငံတော်ဘက်ကလည်း ဒါကို မလုပ်ပေးနိုင်သေးရင်တော့ အင်နဲ့အားနဲ့ဆက်ပြီး လုပ်ဆောင်သွားဦးမှာပါ” လို့ ဦးဝင်းညွန့်က ပြောပါတယ်။

တကိုယ်တော်လမ်းလျှောက်ဆန္ဒထုတ်ဖော်ရာမှာ ပေါင်မြို့ပေါ်ရှိ ပေါင်းရပ်ကွက်၊ ကဒါရပ်ကွက်နဲ့ ကဒုံစီးရပ် ကွက် စတဲ့ရပ်ကွက် ၃ ခုကို လမ်းလျှောက်လှည့်လည်ခဲ့ပါတယ်။

ပေါင်မြို့ပေါ်မှာ အခုလို တစ်ကိုယ်တော်လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုဟာ အစိုးရသစ်လက်ထပ်အတွင်း ဒုတိယအကြိမ်ဆန္ဒထုတ်ဖော်မှုဖြစ်ပြီး ကျမ်းကျိမ်လွှာပေါ်မှာ လက်မှတ်အတုရေးထိုးမှုအား ကျေနပ်မှုမရှိလို့ ၂၀၁၆ ခုနှစ်က တကြိမ် တကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့ဖူးပါတယ်။

သတင်း-ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013