DVB Logo
Home
ရွေးကောက်ပွဲ
ရှမ်းပြည်မြောက်ပိုင်း မဲဆန္ဒနယ်မြေ အမှတ် ၃ တွင် ကျားဖြူပါတီ အနိုင်ရ
DVB
·
April 3, 2012
ရှမ်းပြည်မြောက်ပိုင်း မဲဆန္ဒနယ်မြေ အမှတ် ၃ တွင် ကျားဖြူပါတီ အနိုင်ရ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မဲဆန္ဒနယ်မြေအမှတ် ၃ က အမျိုးသားလွှတ်တော်အမတ် တနေရာအတွက် ဒေသခံပြည်သူတွေ ဆန္ဒမဲပေးခဲ့ကြရာမှာ ရှမ်းတိုင်းရင်သားများ ဒီမိုကရက်တစ်ပါတီက အမှတ်အများဆုံးနဲ့ အနိုင်ရခဲ့ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုး၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်းနဲ့ ကွမ်လုံ စတဲ့ မြို့နယ် ၅ ခုက ပြည်သူတွေဟာ ဧပြီ ၁ ရက်နေ့က ဆန္ဒမဲပေးခဲ့ကြရာမှာ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက အမှတ်အများဆုံး ရခဲ့တယ်လို့ လားရှိုး ကျားဖြူပါတီရုံးက အဖွဲ့ဝင် နန်းယိင်းနောင့်က ပြောပါတယ်။

“ကျားဖြူပါတီကတော့ ၄၇,၄၂၂ မဲ၊ အန်အယ်လ်ဒီကတော့ ၄၅,၇၂၂ မဲ၊ ကြံ့ခိုင်ရေးပါတီကျတော့ ၄၅,၇၁၁ မဲ၊ ကိုးကန်ပါတီက ၁၇,၈၈၉ မဲ၊ လားဟူပါတီက ၆,၃၅၀ မဲ ရရှိပါတယ်။ ခရိုင်ကော်မရှင်ရုံးက စာရင်းပါ။”

မဲဆန္ဒနယ်မြေအမှတ် ၃ က မဲစာရင်းနဲ့ အနိုင်အရှုံးကို နိုင်ငံတော်ပိုင် သတင်းမီဒီယာတွေက တရားဝင်ဖော်ပြခြင်း မရှိသေးပေမယ့်  လားရှိုးခရိုင် ကော်မရှင်ရုံးကတော့ ဖုန်းဆက်အသိပေးတယ်လို့ အမတ်လောင်း ဦးစိုင်းစံမင်းက ပြောပါတယ်။

ဒုတိယ အမှတ်အများဆုံးရခဲ့တဲ့ ပြိုင်ဖက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမတ်လောင်း ဦးစိုင်းမြင့်မောင်က မနေ့ညက ဂုဏ်ပြုစကားပြောခဲ့တယ်လို့လည်း ဦးစိုင်းစံမင်းက ပြောပါတယ်။

အနိုင်ရရှိမှုနဲ့ ပတ်သက်ပြီး ကျားဖြူပါတီ ဒု-ဥက္ကဋ္ဌ ဦးစိုင်းဆောင်ဆီက ၀မ်းမြောက်ကြောင်း ပြောပြပါတယ်။

“ကျနော့်စိတ်ထဲမှာ ကျနော် စိတ်ချမ်းသာသွားတာက ၁၉၉၀ တုန်းက ကျနော်တို့က လားရှိုးမှာ ရှုံးဖူးတယ်။ ကျနော်ပါတဲ့ နိုင်ငံရေးပါတီ။ ၂၀၁၀ မှာလည်း ကျနော်တို့က ရှုံးတယ်။ ဒီပွဲမှာ ကျနော်တို့ပါတီက နိုင်တယ်ဆိုတော့ ဒါတွေက ကျနော်တို့ရဲ့ အရည်အချင်းနဲ့ ဒီရလဒ်ဟာ ပြည်သူလူထုရဲ့ ဆန္ဒအစစ်အမှန်ပါ မျှတပါတယ် တကယ်လည်း ဒီလိုပဲ ဖြစ်သင့်ပါတယ်ဆိုတာ စောင့်ကြည့်နေတဲ့ ပြည်သူလူထုကို ကျနော်တို့က ပြလိုက်ခြင်း ဖြစ်ပါတယ်။”

ကျားဖြူပါတီဟာ ကလောမြို့နယ် မဲဆန္ဒနယ်နဲ့ စစ်ကိုင်းတိုင်း မဲဆန္ဒနယ်မြေမှာလည်း  ၀င်ပြိုင်ခဲ့ရာမှာ ကလောမဲဆန္ဒနယ်မြေမှာတော့ ရှုံးနိမ့်ခဲ့ပြီး စစ်ကိုင်းတိုင်း မဲဆန္ဒနယ်မြေရဲ့ အဖြေကိုတော့ မသိရသေးပါဘူး။

ဒီနေ့ မနက် ၁၁ နာရီခန့်မှာ ကျားဖြူပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးစောသန်းမြင့်ကို မေးမြန်းရာမှာ စစ်ကိုင်းတိုင်းမဲဆန္ဒနယ်မှာ ပါတဲ့နေရာ ၄ ခုအနက် ၃ ခုမှာ မဲအရေအတွက် တသောင်းကျော် အသာစီးရနေပြီး ကျန်တဲ့ ၁ နေရာအတွက် အဖြေကို စောင့်ဆိုင်းနေတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013