
ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲမှာ စိန်ခေါ်သူကို ပထမအချိန်မှာတင် ဒိုင်ပွဲရပ် အနိုင်ယူခဲ့တဲ့ အောင်လအန်ဆန်ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုလွှာပေးအပ်ပါတယ်။
မနေ့က မနက်ပိုင်းမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး မင်းသက်ဦးက ရန်ကုန် ဆီဒိုးနား ဟိုတယ်မှာ သွားပေးခဲ့တာပါ။
မြန်မာအမျိုးသား ကချင်တိုင်းရင်းသားအနေနဲ့ မိမိထက်အင်အားကြီးတဲ့ ယှဉ်ပြိုင်ဘက်ကို သူမတူတဲ့ ရဲစွမ်းသတ္တိ၊ လက်ဝှေ့နည်းပညာပြည့်ဝစွာ ယှဉ်ပြိုင်အနိုင်ယူပြီး နိုင်ငံ့ဂုဏ်ကို ထပ်မံ မြှင့်တင်နိုင်ခဲ့တဲ့ အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုတွေက ဂုဏ်ပြုပါတယ်လို့ ရေးသားဖော်ပြထားပါတယ်။
တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုတွေက ချီးမြှင့်တဲ့ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် သိန်း ၁၀၀ ကိုလည်း ပေးအပ်ခဲ့ပါတယ်။
နိုဝင်ဘာ ၃ ရက် ညပိုင်းက ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ One Hero's Dream ပြိုင်ပွဲမှာ MMA မစ်ဒယ်ဝိတ်တန်း လက်ရှိကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က စိန်ခေါ်သူ မွေ့ထိုင်း ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ အလိန်းဂါလာနီ(ဟောင်ကောင်) ကို ပထမအချီမှာပဲ ဒိုင်ပွဲရပ် အနိုင်ယူခဲ့တာပါ။











