DVB Logo
Home
မြန်မာသတင်း
အမှိုက်ပစ်စွန့်ပစ်သည့်နေရာသစ် အရေးတကြီးလိုအပ်ဟု မြိတ်စည်ပင်ဥက္ကဋ္ဌ ပြော
DVB
·
November 5, 2017
အမှိုက်ပစ်စွန့်ပစ်သည့်နေရာသစ် အရေးတကြီးလိုအပ်ဟု မြိတ်စည်ပင်ဥက္ကဋ္ဌ ပြော
Donate to DVB

မြိတ်မြို့နယ်အတွင်းမှတနေ့ထွက်ရှိနေတဲ့ အမှိုက်တန်ချိန် ၉၀ လောက်ကို စွန့်ပစ်တဲ့နေရာ မှာ အမှိုက်တွေနဲ့ ပြည့်ကျပ်နေပြီိဖြစ်ရာ လုံလောက်စွာကျယ်ဝန်းတဲ့ မြေနေရာတခု လိုအပ်နေ တယ်လို့ မြိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောပါတယ်။

“တနေ့ကို အမှိုက်တန်ချိန် ၈၀ ကျော်ကနေ ၉၀ အထိ စွန့်ပစ်နေရတယ်။ ကျနော်တို့ လက်ရှိ ဘာသာပေါင်းစုံသင်္ချိုင်းနေရာဘေးက ၄ ဧကလောက်ပဲ ကျယ်ဝန်းတဲ့မြေနေရာမှာ အမှိုက်စွန့်ပစ် နေရတယ်။ အမှိုက်တွေကများလာတဲ့အတွက် အခုမြင်နေရတဲ့အတိုင်းပဲ မီးရှို့ဖျက်ဆီးနေရတယ်။ ပတ်ဝန်းကျင်ကလည်း မီးခိုးတွေထွက်၊ အနံ့အသက်မကောင်းတဲ့အတွက် တိုင်ကြားထားတာလည်း ရှိပါတယ်။ ကျနော်တို့အနေနဲ့ ထွက်ရှိနေတဲ့ အမှိုက်တန်ချိန်ကို လုံလောက်စွာ ထိန်းထားနိုင်မယ့် မြေဧက ၅၀ လောက် လိုအပ်နေပါတယ်။ တိုင်းဒေသကြီးအစိုးရနဲ့ ၀န်ကြီးချုပ်က ဒါကို အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးပါလို့ တောင်းဆိုပါတယ်။”

လက်ရှိအမှိုက်ပစ်နေတဲ့ ကလွင်ကျေးရွာအုပ်စုရှိမြေနေရာမှာ လုံလောက်ခြင်းမရှိတော့တဲ့ အတွက် အမှိုက်ကားတွေကို အမှိုက်ပစ်ခွင့်မပေးတော့ပဲ မြေကျင်းများရှိတဲ့နေရာမှာ ပိုင်ရှင်တွေထံ ခွင့်ပြုချက်တောင်းကာ လိုက်လံစွန့်ပစ်နေရတယ်လို့ ဦးမြတ်ကိုကိုက ပြောပါတယ်။

ဝဋံသက နာရေးကူညီမှုအသင်းမှ ကိုခင်ဇော်က “အမှိုက်ကန်က အမှိုက်တွေမီးရှို့လို့ထွက်လာတဲ့ မီးခိုးက တော်တော်လေးဆိုးရွားတယ်။ တစ်နေ့ကို အသုဘ ၅ လောင်း၊ ၆ လောင်း ပို့ဆောင်နေတော့ အသုဘပို့လာသူတွေ ဒီမီးခိုးအနံ့ကို ရှူနေရတော့ ကျန်းမာရေးအတွက်မကောင်းဘူး။ ပြညသူတွေကျန်းမာရေးထိခိုက်စေတဲ့ အမှိုက်ကန်က မီးခိုးနံ့ ပျောက်ကင်းအောင် တာဝန်ရှိသူတွေ အမြန်ဆုံးဆောင်ရွက်ပေးစေချင်တယ်" လို့ ပြောကြားပါတယ်။

အမှိုက်ကန်မှာ အမှိုက်တွေနဲ့ ပြည့်ကျပ်နေတဲ့အတွက် မီးရှို့ဖျက်ဆီးနေရပြီး ပတ်ဝန်းကျင်မှလည်း တိုင်ကြားတာတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013