DVB Logo
Home
မြန်မာသတင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ဆွေးနွေးပွဲ ရန်ကုန်တွင် ပြုလုပ်
DVB
·
November 5, 2017
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ဆွေးနွေးပွဲ ရန်ကုန်တွင် ပြုလုပ်
Donate to DVB

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေမှာ တိုင်ကြားတဲ့သူတွေအတွက် အကာကွယ်ပေး ထားတဲ့စနစ် မရှိတာကြောင့် တိုင်ကြားမယ့်သူတွေ အခက်အခဲတွေနဲ့ အသက်လုံခြုံရေး စိုးရိမ်စရာတွေရှိနေတယ်လို့ လုပ်ပိုင်ခွင့်အာဏာရှိသူများ ထိန်းကြောင်းပေးနိုင်မယ့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအကြောင်း စကားဝိုင်းမှာ ဆွေးနွေးခဲ့ကြပါတယ်။

လုပ်ပိုင်ခွင့်အာဏာရှိသူတွေ ထိန်းကြောင်းပေးနိုင်မယ့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအကြောင်း စကားဝိုင်းဆွေးနွေးပွဲကို ဒီကနေ့ နိုဝင်ဘာလ ၄ ရက်နေ့က ရန်ကုန်မြို့ YANGON BOOK PLAZA မှာ INFO DIGEST JOURNAL အဖွဲ့ကဦးဆောင်ပြီး ပြုလုပ်ခဲ့တာပါ။ ဆွေးနွေးပွဲမှာ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိစေရေး အထောက်အကူပြုဌာနက စီမံကိန်းနှင့် ဆက်သွယ်ရေးအရာရှိ ဒေါ်ဖြူဖြူဇင်၊ INFO DIGEST JOURNAL ရဲ့ ပင်တိုင်ဆောင်းပါးရှင် ရာပြည့်နဲ့ INFO DIGEST JOURNAL ရဲ့ အယ်ဒီတာ ဦးဟန်ဇော်တို့က ဦးဆောင်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

ဒီပွဲမှာ အဂတိတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ အခက်အခဲ တွေ ပြည်သူတွေသိရှိနိုင်ဖို့အတွက် ဒီစကားဝိုင်းပွဲကို ဆွေးနွေးဖို့ အမျိုးမျိုးကြိုးစားပြီး ဖိတ်ကြား ခဲ့ပေမယ့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဘက်က ဆွေးနွေးပွဲလုပ်တဲ့အချိန်အထိ တစုံတရာမှ အကြောင်းမပြန်ခဲ့ဘူးလို့ ဆွေးနွေးပွဲစီစဉ်သူ INFO DIGEST JOURNAL ရဲ့အယ်ဒီတာ ဦးဟန်ဇော်က ပြောပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ပြည်သူတွေက ပူးပေါင်းချင်ပေမယ့် လက်ရှိဥပဒေ မှာ တိုင်ကြားသူတွေအတွက် အကာကွယ်လုံလုံလောက်လောက်မရှိတာက အဂတိလိုက်စားတဲ့ သူတွေကို အားပေးနေတာလည်း ရောက်တယ်လို့ ဆွေးနွေးပွဲမှာ ဆွေးနွေးသွားကြပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးရေးကော်မရှင်ရုံး စတင်ဖွင့်လှစ်တဲ့ ၂၀၁၄ ခုနှစ် မတ်လ ကနေ ၂၀၁၇ ခုနှစ်၊စက်တင်ဘာလအတွင်းမှာ ကော်မရှင်အဖွဲ့ဆီတိုင်ကြားစာပေါင်း ၄၁၃၅ ဆောင်ရှိတယ်လို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013