DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်သမား ၅၀၀ ကျော်စာရင်း မြန်မာဘက်က ပေးပို့ထားဟု ဘင်္ဂလားဒေ့ရှ်ပြော
DVB
·
November 5, 2017
အကြမ်းဖက်သမား ၅၀၀ ကျော်စာရင်း မြန်မာဘက်က ပေးပို့ထားဟု ဘင်္ဂလားဒေ့ရှ်ပြော
Donate to DVB

 

ARSA အကြမ်းဖက်သမားလို့ ယူဆရတဲ့ လူ ၅၀၀ ကျော်အမည်စာရင်း မြန်မာဘက်ကနေ ပေးထားပြီး အချက်အလက်မပါတာကြောင့် ရှာရခက်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ပုန်းအောင်းနေတယ်လို့ ယုံကြည်ရတဲ့ သံသယဖြစ်ဖွယ် ရာနဲ့ချီတဲ့ အကြမ်းဖက်သမားစာရင်းကို မြန်မာအစိုးရဘက်က  နေပြည်တော်မှာ ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံ တာဝန်ရှိသူတွေ အစည်းအဝေးအတွင်း ပေးအပ်ထားပေမယ့် ခုချိန်ထိ ဖမ်းဆီးရမိတာမျိုး မရှိသေးဘူးလို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက ပြောကြောင်း BenarNews  သတင်းဌာနမှာ နိုဝင်ဘာ ၃ ရက်နေ့ကဖော်ပြထားပါတယ်။

“အစည်းဝေးမှာ မြန်မာဘက်က   သံသယဖြစ်ဖွယ် ARSA အဖွဲ့ ၀င် စာရင်းကို ပေးပါတယ်။ စာရင်းမှာ ARSA အဖွဲ့ဝင်လို့ သံသယရှိတဲ့ နာမည်ပေါင်း ၅၀၀ ကျော်ပါဝင်ပါတယ်။ သူတို့ဟာ နယ်စပ်မှာ ပုန်းအောင်းနေတယ်လို့ မြန်မာဘက်က ဆိုပါတယ်” လို့  ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေး ၀န်ကြီး Asaduzzaman Khan Kamal က ပြောကြားခဲ့ပါတယ်။

အဲဒီပေးထားတဲ့စာရင်းမှာ နာမည်တွေ ပါဝင်ပေမယ့် မွေးသက္ကရာဇ်၊ အရပ်အမြင့်၊ မိဘအမည်၊ အလုပ်အကိုင် နဲ့ နေရပ်လိပ်စာတို့လို တခြား အချက်မလက်တွေ  မပါရှိဘူးလို့ ဆိုပါတယ်။

အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူးချုပ်ဦးဇော်ဌေးကတော့ နာမည်စာရင်းတွေ ပေးထားကြောင်း၊ အသေးစိတ်ကို ပြည်ထဲရေးထံ မေးမြန်းဖို့ ပြောပါတယ်။ ဒီဗွီဘီက ပြည်ထဲရေးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရခဲ့ပါဘူး။

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးဟာ အောက်တိုဘာ ၂၄ ရက်နေ့က မြန်မာနိုင်ငံ နေပြည်တော်မှာ ပြုလုပ်တဲ့ နှစ်နိုင်ငံ ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူတဦး ဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲဟာ သြဂုတ်လကုန်ပိုင်းကစပြီး ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု ဖြစ်စဉ်တွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ၀င်ရောက်ခဲ့တာနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်ခဲ့တဲ့  တင်းမာမှုတွေကို လျှော့ချဖို့ ရည်ရွယ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်နေ့ကနေ စက်တင်ဘာ ၂၆ ရက်အထိ အကြမ်းဖက်မှု ဖြစ်စဉ်တွေအတွင်း ဟိန္ဒူဘာသာဝင်တွေ အပါအဝင် လူပေါင်း ၈၄ ဦး သတ်ဖြတ်ခံရပြီး ၅၄ ဦး ပျောက်ဆုံးနေတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

ARSA အကြမ်းဖက်သမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲ ၉၀ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား အလောင်း ၃၇၀ လောင်းရရှိကာ ၉ ဦးကို အရှင်ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် မြန်မာဘက်ကနေ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်ဦးရေ ၅ သိန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013