တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော် ဆုပေးပွဲနှင့် ပိတ်ပွဲကျင်းပ
DVB
·
November 5, 2017
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ဆုပေးပွဲနဲ့ ပိတ်ပွဲကို နိုဝင်ဘာ ၄ ရက်နေ့ ညနေပိုင်း တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းမှာ ကျင်းပကြတာဖြစ်ပါတယ်။
၁၀ ရက်တာကျင်းပတဲ့ မီးပုံးပျံပြိုင်ပွဲဟာ ဆုရရှိတဲ့ မီးပုံးပျံနဲ့ မီးပဒေသာတွေကို ရှမ်းပြည်နယ် အစိုးရအဖွဲ့က ဆုချီးမြှင့်ခဲ့ပါတယ်။
မီးပုံးပျံ အမျိုးအစားဖြစ်တဲ့ ညလွှတ်ညမီးကြီး၊ စိန်နားပန်၊ နေ့လွှတ် အရုပ်တွေကို တမျိုး ၁ မှ ၁၀ ထိ ဆုရရှိသူကိုဆုပေးအပ်တာဖြစ်ရပါတယ်။
ညမီးကြီး ပထမဆုကို ၆၅ သိန်းပေးပြီး ဆုအားလုံးပေါင်း ကျပ်သိန်း ၈၀၀ ကျော် ပေးအပ်ခဲ့ကြောင်းသိရပါတယ်။
သတင်း - ခွန်ရာဇာ