DVB Logo
Home
မြန်မာသတင်း
ရွာထဲ​မောင်းဝင်​ သစ်​​မောင်​ခိုကား​များ တားဆီးရန် ​ကျေးရွာလူငယ်​အဖွဲ့ ဖွဲ့စည်း
DVB
·
November 5, 2017
ရွာထဲ​မောင်းဝင်​ သစ်​​မောင်​ခိုကား​များ တားဆီးရန် ​ကျေးရွာလူငယ်​အဖွဲ့ ဖွဲ့စည်း
Donate to DVB

 

ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု ဆတ်သေရွာမှာ သစ်မောင်ခိုကားတွေ အချိန်မတော်ဖြတ်သွားလာမှုကို တားဆီးနိုင်ဖို့ နိုဝင်ဘာ ၄ ရက်နေ့က ဆတ်သေဘုန်းကြီးကျောင်းမှာ ကျေးရွာ လူငယ်အဖွဲ့ ဖွဲ့စည်းလိုက်ပါတယ်။

“ကျနော်တို့အဓိက ရွာထဲမှာ သစ်မောင်ခိုကားတွေ ဖြတ်သွားဖြတ်လာလုပ်နေတာကို တားဆီးနိုင်ဖို့ပေါ့၊ ကျေးရွာလူငယ်က တားဆီးပြီး စည်းကမ်းချိုးဖောက်သူကိုဖမ်းပြီး ဌာနဆိုင်ရာနဲ့ လွှတ်တော်ကိုယ်စားလှယ်ထံ လွှဲအပ်သွားဖို့ လုပ်ဆောင်သွားမှာပါ” လို့ လူငယ်အဖွဲ့ဝင် ခွန်မျိုးမြတ်က ပြောပါတယ်။

ဆတ်သေရွာအတွင်း နေ့စဉ်သစ်မောင်ခိုကားတွေ အချိန်မဟုတ်လည်း သွားလာနေတဲ့ အတွက် ကိုယ်ထူကိုယ်ထလမ်းတွေပျက်စီးပြီး ကျေးရွာလုံခြုံရေးကိုလည်း ထိပါးလာကြောင်း ဒေသခံ တွေပြောပြချက်အရ သိရပါတယ်။

ဆတ်သေဒေသခံ ခွန်သိန်းထီကလည်း “ကျနော်တို့ ဒေသမှာ တရားဥပဒေစိုးမိုးမှုမရှိဘူး၊ မတရားခံရတာတွေလည်း ဘယ်သူမှအရေးမယူပေးဘူး၊ ဒါကြောင့် ကျေးရွာလူငယ်တွေဖွဲ့ပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်”လို့ပြောပါတယ်။

“ကျနော်တို့ကတော့ ကိုယ့်ဒေသကောင်းကျိုးအတွက် လုပ်ဆောင်သွားမှာဖြစ်တယ်။ ဒီနေ့ ဒီလိုလုပ်မှာကို လူကြီးတွေ မြို့နယ်ရဲမှူးတွေလည်း အားပေးတဲ့အတွက် အားဖြစ်စေတာပေါ့” လို့ လူငယ်အဖွဲ့ဝင် ခွန်နိုင်ဦးက ပြောပါတယ်။

လူငယ်အဖွဲ့ ဖွဲ့စည်းနိုင်ဖို့ ဆတ်သေဒေသ လူငယ် ၅၀၀ ကျော် တက်ရောက်ဆွေးနွေးပြီး ရွာလူကြီး၊ ရပ်မိရပ်ဖနဲ့ ဒေသကျောင်းထိုင်ဆရာတော်တွေ ထောက်ခံမှုနဲ့ ဖွဲ့စည်းလိုက်ကြောင်း သိရပါတယ်။

လုပ်ငန်းစဉ်နဲ့ အဖွဲ့အစည်းအမည်ကို ပြန်လည်ရွေးချယ်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

သတင်း - ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013