
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က MMA (ကမ္ဘာ့ကိုယ်ခံပညာ ပေါင်းစုံ) One Hero’s Dream ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ အောင်လအန်ဆန်ထံ ဂုဏ်ပြုမှတ်တမ်းလွှာပေးပို့ခဲ့တယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၃ ရက်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု Middle Weight တန်းမှ အောင်လန်အန်ဆန်က စိန်ခေါ်သူ Heavy Weight တန်း ကစ်ဘောင်ဆင် ကမ္ဘာ့ချန်ပီယံ အလိန်းဂါလာနီကို ပထမအချီ ၄ မိနစ် ၃၁ စက္ကန့်မှာ ဒိုင်ပွဲရပ် အနိုင်ရခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုပြိုင်ပွဲမှာ အောင်လအန်ဆန်ရဲ့ ထူးချွန်ပြောင်မြောက်ပြီး အံ့မခန်းလောက်အောင် စိန်ခေါ်သူပြိုင်ဘက်ကို စွမ်းဆောင် အနိုင်ရယူခဲ့လို့ ဂုဏ်ပြုချီးကျူးလွှာပေးပို့ခဲ့တာလို့ သိရပါတယ်။











