
စပိန်ရဲတပ်ဖွဲ့ဟာ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲတွေကို အခွင့်ကောင်းယူပြီး လုယက်မှုနဲ့ အကြမ်းဖက်မှုတွေ လုပ်ဆောင်ဖို့အတွက် လူမှုကွန်ရက်နဲ့ အွန်လိုင်းချန်နယ်တွေကို အသုံးချတယ်လို့ စွပ်စွဲခံထားရတဲ့ "ဘလိုကူးစ်" အဖွဲ့ရဲ့ ဒေသတွင်းဌာနခွဲကို တည်ထောင်သူနဲ့ အဓိကလှုံ့ဆော်သူလို့ သံသယရှိသူတယောက်ကို ဖမ်းဆီးလိုက်ကြောင်း အောက်တိုဘာ ၃၀ ရက်မှာ ပြောပါတယ်။
ဖမ်းဆီးခံရသူ အမျိုးသားဟာ သူတို့ရဲ့ လုပ်ရှားမှုတွေကို ညှိနှိုင်းဖို့ တယ်လီဂရမ်အုပ်စုတွေကို ဖန်တီး စီမံခဲ့သလို၊ အဲဒီလှုပ်ရှားမှုရဲ့ ခေါင်းဆောင်ပါလို့ ပြောဆိုထားတဲ့ မျက်နှာဖုံးစွပ်ထားသူ တယောက် ပါတဲ့ ဗီဒီယိုဖိုင်ကို ဖြန့်ဝေခဲ့တယ်လို့လည်း စွပ်စွဲခံထားရပါတယ်။
ဒီအဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ တခြားလူ ၆ ယောက်ကိုလည်း စပိန်နိုင်ငံမှာ ဖမ်းဆီးထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒီဖမ်းဆီးမှုဟာ "ဘလိုကူးစ်" အမည်နဲ့ "Instituts Indignats" (ဒေါသထွက်နေတဲ့ အထက်တန်း ကျောင်းများ)ဆိုတဲ့ ဆောင်ပုဒ်အောက်မှာ လူမှုကွန်ရက်ကတဆင့် စီစဉ်ကျင်းပခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေနဲ့ ဆက်စပ်နေပါတယ်။
ဒါဟာ လတ်တလော သီတင်းပတ်တွေအတွင်း ပြင်သစ်နိုင်ငံတဝန်းက ကျောင်းသားလူငယ်တွေကို လှုံ့ဆော်စည်းရုံးခဲ့တဲ့ "Lycees Indignes" (အရည်အသွေး မမီသော အထက်တန်းကျောင်းများ) လှုပ်ရှားမှုကို ရည်ညွှန်းထားပုံ ရပါတယ်။
Source: Reuters











