DVB Logo
Home
မြန်မာသတင်း
လင်မယားချင်း စကားများရာမှ လူသတ်မှုဖြစ်
DVB
·
November 4, 2017
လင်မယားချင်း စကားများရာမှ လူသတ်မှုဖြစ်
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် အတွင်းရှိ ကညင်ဒိုင်းကျေးရွာမှာ နိုဝင်ဘာ ၃ ရက်နေ့ညက လူသတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ ညောင်ပင်သာနယ်မြေ ရဲတပ်ဖွဲစခန်းက ပြောပါတယ်။

ကညင်ဒိုင်းရွာမှာ နေထိုင်တဲ့ မစိုးစိုးဟာ သူရဲ့အိမ်ပေါ်မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်ပြီး လင်မယားချင်းစကားများရာက ယောကျာ်းဖြစ်သူ ဦးတုတ်ခိုင်က ဓားနဲ့ ခုတ်ခဲ့တာလို့ အိမ်နီးချင်းတဦးက ပြောပါတယ်။

“ဒီလင်မယားက အမြဲရန်ဖြစ်ကြတယ်လေ။ အဲဒီတော့သိပ်ပြီး ပတ်ဝန်းကျင်မှာ မထူးဆန်းတော့ကြသလို ဖြစ်နေတာ။ အခုလည်း ရန်ဖြစ်ပြီးတော့ သူကလေး အငယ်ကောင်လေးက ငိုနေလို့သွားကြည့်တော့မှ သေနေတာကိုတွေ့တာ။ သူယောကျာင်္းကတော့ ထွက်သွားတယ်။ မိမမိတော့ မသိသေးဘူး။”

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ထွက်ပြေးလွတ်မြောက်သွားသူ ဦးတုတ်ခိုင်ကို အခင်းဖြစ်ပွားပြီး ၁၂ နာရီ အကြာမှာ ပြန်လည်ဖမ်းဆီး ရမိခဲ့တယ်လို့ ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။

ညောင်ပင်သာနယ်မြေရဲတပ်ဖွဲ့စခန်းက ဦးတုတ်ခိုင်ကို လူသတ်မှု ရာဇသတ်ကြီးပုဒ်မ -၃၀၂ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013