DVB Logo
Home
မြန်မာသတင်း
တနင်္သာရီမြို့နယ်တွင် ရွာသားတဦး တူးမီး သေနတ်ဖြင့် ပစ်သတ်ခံရ
DVB
·
November 4, 2017
တနင်္သာရီမြို့နယ်တွင် ရွာသားတဦး တူးမီး သေနတ်ဖြင့် ပစ်သတ်ခံရ
Donate to DVB

တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာမှာ နိုဝင်ဘာ ၃ ရက်က ရွာသားတဦး တူးမီးယမ်းထောင်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ သိန်ခွန်းရွာမှာ နေထိုင်တဲ့ သားပု(ခ)ဝေဖြိုး သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးသွားတယ်လို့ သတင်းအရ မောတောင်နယ်မြေရဲစခန်းမှူး ဒုရဲမှူးအောင်ကျော်မိုး ဦးဆောင်တဲ့အဖွဲ့ဟာ သိန်းခွန်းကျေးရွာကို သွားရောက်စစ်ဆေးခဲ့ရာ တူးမီးယမ်းထောင်းသေနတ်နဲ့ ပစ်ခံရပြီးနောက် ကျောမှာခဲကျည် ၉ ချက်ဖောက်ဝင်ပြီး သေဆုံးနေတာကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ တနင်္သာရီမြို့နယ်ရဲ တပ်ဖွဲ့က ပြောပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့ ညပိုင်းက နေအိမ်အပေါ်ထပ်မှာ တီဗွီ ကြည့်နေချိန် အိမ်အောက်က သေနတ်သံကြားရပြီး ခင်ပွန်းဖြစ်သူက မိန်းမရေ ငါ့ကိုသေနတ်နဲ့ ပစ်သွားပြီလို့ အော်ဟစ်ပြီး အိမ်ပေါ်သို့တက်ပြေးလာကြောင်း၊ မိမိမှပြေးပြီးသွားကြည့်ရာ ခင်ပွန်းဖြစ်သူမှာ လှေကားထစ်ကိုပင် မတက်နိုင်တော့ဘဲ အိမ်အောက်ကို ပြန်ပြုတ်ကျပြီး သေဆုံးသွားခဲ့တယ်လို့ သေဆုံးသူရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။

“မူးယစ်ဆေးဝါးကိစ္စတွေ၊ ငွေကြေးကိစ္စတွေနဲ့ ဆက်နွယ်မှုတွေ ရှိနိုင်တယ်။ အခု မသင်္ကာဖွယ်တဦးကို စစ်ဆေးနေတယ်။ အတည်ပြုချက် မရသေးဘူး” လို့ တနင်္သာရီမြို့နယ်ရဲ တပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။

တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာတ၀ိုက်မှာ ဥပဒေမဲ့လုပ်ရပ်တွေ မကြာခဏဖြစ်ပွား နေပြီး လူသတ် အလောင်းဖျောက်ခြင်း၊ သေနတ်နဲ့ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေတဲ့ အတွက် ရဲကင်းတခုထားပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး မောတောင် နယ်မြေ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် ထားတယ်လို့ သိရပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013