အိန္ဒိယစစ်ရေယာဉ် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ

မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS KIRPAN (P-44) ဟာ မနေ့မွန်းလွဲပိုင်းမှာ ရန်ကုန်မြို့၊ သီလ၀ါဆိပ်ကမ်းကနေ ပြန်လည်ထွက်ခွာသွားပါတယ်။
အဆိုပါစစ်ရေယာဉ်မှာ စစ်ရေယာဉ်မှူး CDR PRADEEP RAMAN ဦးဆောင်ပြီး အရာရှိ၊ စစ်သည် ၁၅၅ ဦးလိုက်ပါလာကာ မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အထိ သုံးရက်ကြာခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကို ဖူးမြော်ခဲ့သလို ဇဗားရှားဂူဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ Junction City တွေကိုလည်း သွားရောက်လည်ပတ်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။











