
ပဲတီစိမ်း
ပြီးခဲ့တဲ့ အောက်တိုဘာလ အစောပိုင်းမှာ ဘုရင့်နောင်ကုန်စည်ဒိုင်က ပဲတီစိမ်းဈေးက ၁ ပိဿာကို ၁,၅၀၀ ကျပ်ကနေ ငွေကျပ် ၂,၃၃၅ ရှိနေပြီးတော့ နောက်ဆုံးအပတ်မှာတော့ ဈေးအနည်းငယ်ကျလာပြီး ၁,၄၁၅ ကျပ်မှ ငွေကျပ် ၂,၂၅၀ အထိ ဈေးကျသွားပါတယ်။
ပဲစင်းငုံနီ
အောက်တိုဘာလအတွင်းမှာ ပဲစင်းငုံနီ ၁ တန်ကို ငွေကျပ် ၄၀၆,၀၀၀ ကနေ ၃၁၆,၀၀၀ ကျပ် အတွင်းရှိခဲ့ပြီးတော့ ၁ လအတွင်း ၉၀,၀၀၀ ကျပ် ဈေးကျသွားခဲ့ပါတယ်။
စီပီပြောင်း
အောက်တိုဘာလ ပထမအပတ်မှာတော့ လားရှိုးကုန်စည်ဒိုင်မှ စီပီပြောင်းက ၁ ပိဿာကို ၃၈၀ ကျပ်ကနေ ၄၂၀ ကျပ်ရှိခဲ့ပြီး ဒုတိယအပတ်မှာတော့ ၄၂၀ ကျပ်ကနေ ၄၆၅ ကျပ်ထိ ဈေးတက်ခဲ့ပါတယ်။
စီပီပြောင်းက တရုတ်နိုင်ငံကို အဓိက တင်ပို့နေတာ ဖြစ်ပါတယ်။ မနှစ်က စီပီပြောင်းတွေ ဈေးအရမ်း ကျဆင်းခဲ့တဲ့အတွက် တောင်သူတွေ ဒီနှစ်မှာတော့ ပြောင်းစိုက်ပျိုးမှုကို လျှော့ချခဲ့ပါတယ်။ တရုတ်တောင်သူတွေကလည်း ဈေးကျဆင်းတဲ့အတွက် ပြောင်းအစား ပဲပုတ်တွေကို အစားထိုး စိုက်ပျိုးလာလို့ ပြောင်းစိုက်ဧရိယာဟာ ၂ သန်းနီးပါး လျော့ကျသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဧည့်မထဆန်
ဝါးတန်းကုန်စည်ဒိုင်မှ ဧည့်မထဆန်က ပြီးခဲ့တဲ့လ ပထမအပတ်မှာ ၁ အိတ်ကို ၂၁,၅၀၀ ကျပ်မှ ငွေကျပ် ၂၃,၃၀၀ ဈေးရှိခဲ့ပြီး တတိယအပတ်မှာတော့ ဈေးအနည်းငယ်ကျခဲ့ပြီး နောက်ဆုံး အပတ်မှာတော့ ၂၀,၃၀၀ ကျပ်မှ ငွေကျပ် ၂၃,၅၀၀ ရှိခဲ့ပြီး ဈေးအနည်းငယ်တက်ခဲ့ပါတယ်။
အောက်တိုဘာလ အစောပိုင်းမှာ ဧည့်မထဆန်ကို နယ်စုံ ကုန်သွယ်ရေးစခန်းကနေ တရုတ်ကို တန်ချိန် ၁၆,၀၀၀ နီးပါး တင်ပို့ခဲ့ပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း- AMIA











