DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးကားလမ်းဘေးတွင် ကျည်ဆန်မျိုးစုံတွေ့
DVB
·
November 3, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင် ၃၅၇/၇ နားမှာ နိုဝင်ဘာလ ၃ ရက် မနက်က ချုံပုတ်ထဲမှာ စွန့်ပစ်ခဲ့တဲ့ ကျည်ဆန်မျိုးစုံ တွေ့ရှိခဲ့တာကြောင့် သိမ်းဆည်းခဲ့တယ်လို့ ဝမ်းတွင်းမြို့မရဲစခန်း တာဝန်မှူးက ပြောပါတယ်။

ဝမ်းတွင်း မြို့မရဲစခန်းက တာဝန်မှူး ဒုရဲအုပ်သိန်းဇော်သန်းက“ရန်ကုန်-မန္တလေး ကားလမ်းဘေး ဝမ်းတွင်းဈေးကြီး အရှေ့ဘက် ဝမ်းတွင်းဆည်ဘောင်ဘေး ချုံပုတ်ထဲက ကလေးတွေ တွေ့ပြီး ဆော့ကစားနေကြတယ်။ ကျည်ဆန်တွေဆိုတာ သိတဲ့လူက ရဲစခန်းကို အကြောင်းကြားတာကြောင့် ရဲစခန်းက သွားပြီး သိမ်းခဲ့ရတယ်။ ကျည်ဆန်မျိုးစုံ ၁၄၇ တောင့် သိမ်းဆည်းရတယ်။ ၃၈ ခြောက်လုံးပြူးကျည် ၂၀၊ ၃၂ ခြောက်လုံးပြူးကျည် ၅၀၊ ရိုင်ဖယ်ကျည် ၇၇ တောင့် တွေ့တယ်။ သက်သေတွေရှေ့မှာပဲ စနစ်တက သိမ်းဆည်းတယ်”လို့ ပြောပါတယ်။

အောင်မင်္ဂလာရပ်ကွက် ဒေသခံတဦးက "ကလေး ၄ ယောက်က ဆည်ဘောင်ဘေး ချုံထဲက ကောက်လာတယ်။ ဝေစုခွဲပြီး ဆော့နေကြတယ်။ ကျည်ဆန်တွေက လှနေတော့ ကျည်ဆန်မှန်း မသိကြဘူး” လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းက စိစစ်ပြီး တပ်မတော်ဘက်ကို စနစ်တကျ လွှဲပြောင်းပေးမယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013