DVB Logo
Home
မြန်မာသတင်း
မိုင်းထိ လူနာများကို ပိုမိုထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်နေ
DVB
·
November 3, 2017
Donate to DVB

မိုင်းဒဏ်ထိ လူနာတဦးကို ၂ သိန်းနှုန်းထက် ပိုမိုထောက်ပံ့ပေးနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရထံ ခွင့်ပြုချက်ရယူ ဆောင်ရွက်နေတယ်လို့ ကရင်ပြည်နယ် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ဒုညွှန်ကြားရေးမှူး ဦးဇော်မင်းက ပြောပါတယ်။

မနေ့က မနက် ၁၀ နာရီက ဘားအံမြို့ အမှတ် ၇ ရပ်ကွက်မှာ မိုင်းဒဏ်ကြောင့် ထိခိုက်ခံစားနေရတဲ့သူတွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကူအညီပေးရေး Handicp International(ဘားအံ) ရုံးခွဲ ဖွင့်ပွဲအခမ်းအနားမှာ ပြောပါတယ်။

“အခု ကျနော်တို့ မိုင်းထိတဲ့ လူနာတွေ ရှိခဲ့ရင်လည်း ပြီးခဲ့တဲ့လကနေ စပြီးတော့မှ လူတဦးကို ၂ သိန်းနှုန်း ကျနော်တို့ သူတို့ကို အိမ်တိုင်ရာရောက် သွားရောက်ပြီး ထောက်ပံ့ပေးနေတဲ့ အစီအစဉ်တွေ စတင်ပြီးတော့ ဆောင်ရွက်နေပါပြီ။ လာမယ့်နှစ် ဘတ်ဂျက်မှာဆိုရင် ကျနော်တို့ အခုထက်ပိုမိုပြီးတော့မှ ထောက်ပံ့ပေးနိုင်အောင်လို့ ဆိုပြီးတော့မှ ပြည်ထောင်စုအစိုးရကနေပြီးတော့ ကျနော်တို့ ခွင့်ပြုချက်တွေ ရယူ ဆောင်ရွက်လျက် ရှိပါတယ်။ ပြီးရင် ပြည်ထောင်စုလွှတ်တော်မှာ ဘတ်ဂျက်တွေ တင်တောင်းပြီးတော့ ရခဲ့လို့ရှိရင် အခုထက် ပိုမိုပြီးတော့မှ ထောက်ပံ့မှုတွေ ပိုမိုပေးသွားမှာပါ”လို့ ပြောပါတယ်။

Handicp International (ဘားအံ) ရုံးခွဲကို မိုင်းအသိပညာပေးရေး၊ ဆွေးနွေးအကြံပြုရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို ဝန်ဆောင်မှုပေးနိုင်ဖို့အပြင် မသန့်စွမ်းသူတွေ အပါအဝင် အားလုံး အကျုံးဝင်တဲ့ မည်သူမဆို လာရောက်ပြီး ဝန်ဆောင်မှုများ ရယူနိုင်ဖို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်တာလို့ သိရပါတယ်။

၂၀၁၅ ခုနှစ်၊ မေလက ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသမှာ ပထမဆုံး VAC ရုံးစတင်ဖွင့်လှစ်နိုင်ခဲ့သလို ၂၀၁၆ ခုနှစ် မေလမှာ ကရင်ပြည်နယ် ကော့ကရိတ်မြို့၊ ဧပြီလမှာ သံတောင်ကြီး ရုံးခွဲတွေကို တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး မိုင်းဒဏ်သင့်သူတွေအတွက် အသေးစား ခြေတုပြင်ဆင်မှု ၆၅၆ ဦး၊ အားပြုကိရိယာ ၉၈၅ ဦး၊ ခြေတုတပ်ဆင်မှု ၃၈ ဦးကို အထောက်အကူပြုလုပ်ငန်းတွေ ဆောင်ရွက် ပေးနိုင်ခဲ့တယ်လို့ ဒုညွှန်မှူးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကရင်ပြည်နယ်အတွင်း မိုင်းဒဏ်သင့်သူတွေအပြင် မွေးရာပါ ကိုယ်အင်္ဂါမသန်စွမ်းသူ ၂၅၁၆ ဦး၊ ဉာဏ်ရည်မမီသူ ၈၅၄ ဦး၊ မျက်မမြင် ၄၉၇ ဦးနဲ့ ဆွံ့အနားမကြားသူ ၇၄၉ ဦးအတွက် လူမှုဝန်ထမ်းဦးစီးဌာနက ကူညီထောက်ပံ့မှုတွေကို ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013