DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူများထဲမှ ဟိန္ဒူ  ၅၀၀ ကို ပထမဆုံး ပြန်လက်ခံမည်
DVB
·
November 3, 2017
Donate to DVB

အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ သူတွေထဲမှာ ဟိန္ဒူ ၅၀၀ ကို အရင်ဆုံး ပြန်လည်လက်ခံသွားမယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အဖွဲ့ဟာ မောင်တောဒေသ ပန်းတောပြင် ဘင်္ဂါလီကျေးရွာ၊ ကျီးကန်းပြင်ဌာနချုပ်၊ ခုံတိုင်ကျေးရွာနဲ့ တောင်ပြိုလက်ဝဲ စတဲ့ နေရာတွေကို သွားရောက်ခဲ့ပြီး အပြန်မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က အခုလို ပြောဆိုလိုက်တာပါ။

“လောလောဆယ် ကျနော်တို့ သိထားတာကတော့ ဒါကတော့ တရားဝင် ကြေညာပြီလားတော့ မသိဘူး။ လောလောဆယ် ဟိန္ဒူ ၅၀၀ လောက်ကို ပထမဦးဆုံး ဟိုဘက်နိုင်ငံနဲ့ ညှိနှိုင်းပြီးတော့ လက်ခံဖို့ အစီအစဉ် ရှိပါတယ်။ အဲဒီအတွက်လည်း အဆောက်အဦတွေ လက်ခံမယ့်နေရာမှာ အရင်ဆုံး လုပ်နေပါတယ်။”

အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့သူတွေ ပြန်လည်လက်ခံ နေရာချထားဖို့အတွက် နေရာတွေကို လျာထားတုန်း အဆင့်သာ ရှိသးတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကတော့ မောင်တော ပန်းတောပြင်ကျေးရွာက မွတ်စလင်တွေအနေနဲ့ အခက်အခဲရှိတာတွေကို ပွင့်ပွင့်လင်းလင်း ပြောဖို့နဲ့ လိုအပ်နေတဲ့ အကူအညီတွေကိုလည်း ပေးအပ်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁ ရက်တာ ရခိုင်ပြည်နယ် ခရီးစဉ်ကို အဆုံးသတ်ပြီး နိုဝင်ဘာ ၂ ရက်နေ့ ညနေ ၄ နာရီကျော်မှာ စစ်တွေလေဆိပ်ကနေ ပြန်လည်ထွက်ခွာသွားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်နေ့အထိ မြန်မာဘက်ကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည် ဦးရေ ၅ သိန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013