DVB Logo
Home
ရွေးကောက်ပွဲ
ရွေးကောက်ပွဲအနိုင်ရသူ (၄၀) ကော်မရှင်ကြေညာ ၅ ဦးကျန်ရှိ
DVB
·
April 3, 2012
ရွေးကောက်ပွဲအနိုင်ရသူ (၄၀) ကော်မရှင်ကြေညာ ၅ ဦးကျန်ရှိ
Donate to DVB

ဧပြီ ၁ ရက်နေ့ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အနည်းဆုံး လွှတ်တော်အမတ်နေရာ ၄၀ မှာ အနိုင်ရရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြု ကြေညာပါတယ်။

[caption id="attachment_23660" align="alignleft" width="287" caption="photo-reuters"][/caption]

နိုင်ငံပိုင်ရုပ်မြင်သံကြားနဲ့ သတင်းစာတွေကနေ ထုတ်ပြန် ကြေညာထားတာပါ။ ရွေးကောက်ပွဲ ကျင်းပတဲ့ မဲဆန္ဒနယ်မြေ ၄၅ နေရာအနက် နေရာ ၄၀ ကိုသာ ကြေညာနိုင်သေးပြီး ကျန် ၅ နေရာမှာ မကြေညာသေးပါဘူး။

ကော်မရှင်ကြေညာချက်မှာ ပြည်သူ့လွှတ်တော်အမတ် ၃၅ နေရာ၊ အမျိုးသား လွှတ်တော် ၃ နေရာနဲ့ တိုင်းဒေသကြီးလွှတ်တော်အမတ် ၂ နေရာ ပါရှိပြီး နေရာ အားလုံးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့ပါသည်။

လွှတ်တော်အမတ် ၄၀ စာရင်းကို ဧပြီ ၃ ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာလည်း ဖော်ပြပါတယ်။

 

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုပြီး ကိုယ်စားလှယ်လောင်း စာရင်း ပြည်သူ့လွှတ်တော်

နေပြည်တော်တိုင်း

၁။ ဒေါ်စန္ဒာမင်း (ဇမ္ဗူသီရိ)

၂။ ဦးနိုင်ငံလင်း (ဒက္ခိဏသီရိ)၊

၃။ ဦးဖြိုးဇေယျာသော် (ပုဗ္ဗသီရိ)

၎။ ဦးမင်းသူ (ဥတ္တရသီရိ)

စစ်ကိုင်းတိုင်း

၅။ ဦးခင်မောင်သိန်း(စစ်ကိုင်း)

၆။ ဒေါ်ခင်စန်းလှိုင်(ပုလဲ)

တနင်္သာရီတိုင်း

၇။ ဦးအောင်စိုး (လောင်းလုံ)၊

ပဲခူးတိုင်း

၈။ ဦးအောင်စိုးမြင့် (တောင်ငူ)

၉။ ဦးစိန်ထွန်း (ထန်းတပင်)

၁၀။ ဦးကျော်မင်း (လက်ပံတန်း)

၁၁။ ဦးမြင့်ဦး (သနပ်ပင်)

မကွေးတိုင်း

၁၂။ ဦးပိုက်ကို (ပခုက္ကူ)

၁၃။ ဒေါက်တာ အောင်မိုးညို (ပွင့်ဖြူ)

၁၄။ ဦးမြင့်သိန်း (မကွေး)

၁၅။ ဦးမြင့်အောင်(မြိုင်)

၁၆။ ဦးတိုးရွှေ(ခ) ဦးတင်ဌေးအောင် (ရေစကြို)၊

မန္တလေးတိုင်း

၁၇။ ဒေါ်ခင်သန္တာ (တံတားဦး)

၁၈။ ဒေါက်တာဇော်မြင့်မောင် (ကျောက်ပန်းတောင်း)

၁၉။ ဦးပေါခင် (နွားထိုးကြီး)

၂၀။ ဦးအုန်းကြိုင် (မဟာအောင်မြေ)

၂၁။ ဦးဝင်းထိန် (မိတ္ထီလာ)

၂၂။ ဦးကျော်သီဟ (ပြင်ဦးလွင်)

မွန်ပြည်နယ်

၂၃။  ဒေါ်ခင်ဌေးကြွယ် (မော်လမြိုင်)

ရန်ကုန်တိုင်း

၂၄။ ဒေါ်အောင်ဆန်းစုကြည် (ကော့မှူး)

၂၅။ ဒေါ်ဖြူဖြူသင်း ( မင်္ဂလာတောင်ညွန့်)

၂၆။ ဒေါက်တာမေ၀င်းမြင့် (မရမ်းကုန်း)

၂၇။ ဦးဖြိုးမင်းသိန်း (လှည်းကူး)

၂၈။ ဒေါက်တာမျိုးအောင် (ဒဂုံဆိပ်ကမ်း)

၂၉။ ဒေါ်စုစုလွင် (သုံးခွ)

ရှမ်းပြည်နယ်

၃၀။ ဒေါက်တာဒေါ်သန်းငွေ (ကလော)

ဧရာဝတီတိုင်း

၃၁။ ဦးဝင်းမြင့် (ပုသိမ်)

၃၂။ ဦးစိန်ဝင်း (မအူပင်)

၃၃။ ဦးမန်းဂျော်နီ (မြောင်းမြ)၊

၃၄။ ဦးကျော်မြင့် (မြန်အောင်)

၃၅။ ဒေါ်မြင့်မြင့်စန်း (၀ါးခယ်မ)

အမျိုးသားလွှတ်တော်

ပဲခူးတိုင်း

၁။ ဦးမင်းဦး (မဲဆန္ဒနယ် အမှတ်၇)

မကွေးတိုင်း

၂။ ဦးအောင်ကြည်ညွန့်  (မဲဆန္ဒနယ် အမှတ်၎)

ဧရာဝတီတိုင်း

၃။ ဦးသိမ်းဆွေ (မဲဆန္ဒနယ် အမှတ် ၁၀)

တိုင်းဒေသကြီးလွှတ်တော်

ပဲခူးတိုင်း

၁။ ဦးမျိုးခိုင် (က၀-၂)

ဧရာဝတီတိုင်း

၂။ ဒေါက်တာ လှမြင့်သွေး( ရေကြည်-၂)

အတည်ပြုကြေညာရန် ကျန်ရှိသည့်  (၅)နေရာ

ပြည်သူ့ လွှတ်တော် (၂) နေရာ

တနင်္သာရီ- (ကျွန်းစု)

စစ်ကိုင်း - (မင်းကင်း)

အမျိုးသားလွှတ်တော် (၃) နေရာ

စစ်ကိုင်းတိုင်း (မဲဆန္ဒနယ်အမှတ် ၃- ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည့်)

စစ်ကိုင်းတိုင်း (မဲဆန္ဒနယ်အမှတ် ၇- ဗန်းမောက်၊ ကောလင်း၊ ၀န်းသို၊ ပင်လယ်ဘူး)

ရှမ်း-မြောက်ပိုင်း (မဲဆန္ဒနယ် အမှတ်၃- လားရှိုး၊ တန်ယန်း၊ မိုင်းရယ်၊ သိန္ဒီ၊ ကွမ်းလုံ)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013