DVB Logo
Home
မြန်မာသတင်း
၁၀ လအတွင်းလူကုန်ကူးမှု ၁၈၀ ကျော်ဖြစ်ပွား၊ ရန်ကုန်နှင့် ရှမ်းပြည်နယ်၌ အများဆုံးကြုံတွေ့ရ
DVB
·
November 2, 2017
၁၀ လအတွင်းလူကုန်ကူးမှု ၁၈၀ ကျော်ဖြစ်ပွား၊ ရန်ကုန်နှင့် ရှမ်းပြည်နယ်၌ အများဆုံးကြုံတွေ့ရ
Donate to DVB

 

မြန်မာနိုင်ငံတ၀ှမ်းမှာ ၂၀၁၇ ဇန်န၀ါရီကနေ အောက်တိုဘာအထိ လူကုန်ကူးမှုပေါင်း ၁၈၈ မှုဖြစ်ပေါ်ခဲ့တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီအမှုတွေကို ကျူးလွန်သူပေါင်း ၅၅၁ ဦးရှိပြီးတော့ အမျိုးသား ၁၉၀ ဦးနဲ့ အမျိုးသမီး ၃၆၁ ဦးတို့က ကျူးလွန်ခဲ့တာပါ။ လူကုန်ကူးခံရသူတဲ့ သူတွေကတော့ အမျိုးသား ၄၈ ဦး၊ အမျိုးသမီး ၁၉၃ ဦးနဲ့ ကလေးသူငယ်တွေထဲက ကျား ၁၁ ဦးနဲ့ မ ၄၂ ဦး တို့ဟာ လူကုန်ကူးခံခဲ့ရတာလို့ သိရပါတယ်။

လူကုန်ကူးမှုဖြစ်ပွားခဲ့တဲ့ ဒေသတွေထဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ် တို့မှာ အများဆုံးဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းမှာ ၄၉ မှုနဲ့ ရှမ်းပြည်နယ်မှာ ၄၇ တို့ ဖြစ်ပွားခဲ့ပါတယ်။

ဒါအပြင် ကချင်ပြည်နယ်မှာ ၂၆ မှု၊ ဧရာဝတီတိုင်းဒေသကြီးမှာ ၁၆ မှု၊ မန္တလေးတိုင်း ဒေသကြီးမှာ ၁၂ မှု၊ နေပြည်တော်နဲ့ ရခိုင်ပြည်နယ်တွေမှာ ၉ မှုစီ၊ ပဲခူးတိုင်းဒေသကြီးမှာ ၆ မှု တို့ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်းဒေသကြီးမှာ ၄ မှု၊ တနင်္သာရီနဲ့ မွန်ပြည်နယ်တွေမှာ ၃ မှုစီ၊ စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ်မှာ ၂ မှုစီ လူကုန်ကူးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013