DVB Logo
Home
မြန်မာသတင်း
ပြင်ဦးလွင်တွင် ရှမ်းလူငယ် ၃ ဦး၊ လုပ်အားခမရ၍ နေရပ်သို့ ခြေလျင်လျှောက်ပြန်
DVB
·
November 2, 2017
ပြင်ဦးလွင်တွင် ရှမ်းလူငယ် ၃ ဦး၊ လုပ်အားခမရ၍ နေရပ်သို့ ခြေလျင်လျှောက်ပြန်
Donate to DVB

 

ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်ကနေ ပြင်ဦးလွင် (မေမြို့) မှာ အလုပ်လုပ်တဲ့ ရှမ်းလူငယ် ၃  ဦးဟာ အလုပ်လုပ်တာ တစ်နှစ်ကျော်ရှိခဲ့ပေမယ့် လစာမရတဲ့အပြင် ထမင်းလည်း ၀လင်အောင်မစားရတာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့က နေရပ်ကို ခြေလျင်လျှောက်ပြန်ခဲ့ကြပါတယ်။

အသက် ၁၆ နှစ်၊ ၂၁ နှစ် နဲ့ ၂၂ နှစ်ရွယ်ရှိ အဆိုပါလူငယ် ၃ ဦးဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က လူတယောက် သူတို့ရွာကိုရောက်လာပြီး ပြင်ဦးလွင်မှာ တလ ကျပ် ၇ သောင်းနဲ့ အလုပ်သွင်းပေးမယ်လို့ ပြောလို့လိုက်လာခဲ့ကြောင်း၊ ပြင်ဦးလွင်မြို့ ဆေးတလုံးစက်မှုဇုန်ရှိ ကြက်မွေးမြူရေ ခြံတခြံမှာ အလုပ်လုပ်ခဲ့ရပေမယ့် တစ်နှစ်ကျော်ထိ လစာမရ၊ ထမင်းမ၀လို့ ၃ ယောက်သား ထွက်ပြေးခဲ့ကြောင်း၊ ဒါပေမယ့် ကားခမရှိလို့ ခြေလျင်လျှေက်လာကြတာလို့ လူငယ် ၃ ဦး ကို တွေ့ရှိ အကူအညီပေးခဲ့သူ နောင်ချိုမြို့နယ် ကျားခေါင်းပါတီဥက္ကဋ္ဌ ဦးစိုင်းအောင်မိုင်းက ဒီဗွီဘီကို ပြောပါတယ်

“တနေ့က ကျနော်ဈေးရပ်ကွက်ထဲ ပစ္စည်းသွားဝယ်ရင်း သူတို့ ၃ ယောက်နဲ့ တွေ့တာ။ အ ၀တ်အစားတွေလည်း ဟောင်းနွမ်းညစ်ထေးနေတယ်၊ လူလည်းနွမ်းနယ်နေတယ်။ တောထဲက ထွက်လာတဲ့ပုံနဲ့ပေါ့။ အကျိုးအကြောင်းမေးကြည့်တော့ ပြင်ဦးလွင်ကြက်ခြံမှာ ကြက်ဥ ကောက်ပေးတဲ့ အလုပ်လုပ်ရတယ်တဲ့၊ ဒါပေမယ့် လခ တခါမှမရသေးဘူး။ ထမင်းလည်း ၀အောင်မစားရဘူး၊ သူဌေးနဲ့လည်း တခါမှမတွေ့ဖူးဘူး၊ မန်နေဂျာနဲ့ပဲ ဆက်သွယ်ရတယ်ပေါ့။ သူတို့လည်း ဆက်မနေချင်တော့လို့ ထွက်ပြေးလာကြတယ်။ ရည်ရွယ်ချက်က လားရှိုးကနေ တန့်ယန်းကိုပြန်ဖို့၊ ဒါပေမယ့် ပိုက်ဆံမရှိ ကားခမရှိတော့ ဒီတိုင်းလမ်းလျှောက်ပြန်လာတယ်။ နောင်ချိုရောက်တော့ ကျနော်နဲ့တွေ့တာ။ သူတို့ ပြင်ဦးလွင်ကနေ နောင်ချိုကို လမ်းလျှောက်တာ ၂ ရက်ကြာတယ်။ လမ်းမှာ ပိုက်ဆံလည်းမရှိ အသိမိတ်ဆွေလည်းမရှိတော့ ထမင်းလည်း မစားရဘူးတဲ့။ ၂ ရက် ထမင်းမစားရသေးဘူး၊ ဒါနဲ့ ကျနော်လည်း ပါတီရုံးကိုခေါ်လာ ထမင်းကျွေး တည်းခိုခန်းမှာ တညထားပေးခဲ့တယ်။”

အဲဒီနောက် တန့်ယန်းက ကျားခေါင်းပါတီဝင်တွေဆီ ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း၊ ပါတီဝင်တွေက သူတို့ဟာ အဲဒီနယ်ကဟုတ်မဟုတ် သွားရောက်စစ်ဆေးခဲ့ပြီး မှန်ကန်တာနဲ့  နိုဝင်ဘာ ၁ ရက် မနက်မှာ မုန့်ဖိုး တယောက် ၅ ထောင်ကျပ်စီနဲ့ ကားခပါ စိုက်ပေးကာ ကားဂိတ်ကို ပို့ဆောင်ပေးခဲု့တယ်လို့ ဦးစိုင်းအောင်မိုင်းက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013