DVB Logo
Home
မြန်မာသတင်း
မောင်တော ပန်းတောပြင်ကျေးရွာက ဘင်္ဂါလီများအား ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ
DVB
·
November 2, 2017
မောင်တော ပန်းတောပြင်ကျေးရွာက ဘင်္ဂါလီများအား ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ
1 / 2
Donate to DVB

နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ပန်တောပြင်ကျေးရွာက ဘင်္ဂါလီတွေနဲ့ ဒီကနေ့ နေ့လယ်ပိုင်းမှာ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတော်အတိုင်အပင်ခံဒေါ်အောင်စုကြည် ဦးဆောင်တဲ့ UEHRD ကော်မတီအဖွဲ့ဟာ လူသားချင်းစာနာမှုဆိုင်ရာ ကူညီပေးရေးညှိနှိုင်းရေးလုပ်ငန်းတွေအတွက် ဒီကနေ့ ရခိုင်ပြည်နယ်ကို ရောက်၇ှိလာပြီး စစ်တွေမြို့နေတဆင့် မောင်တောဒေသကို သွားရောက်ခဲ့ တာပါ။23131936_481705278852151_4124706611520555105_n
မောင်တော ပန်းတောပြင်ကျေးရွာက မွတ်စလင်တွေအနေနဲ့ အခက်အခဲရှိတာတွေကို ပွင့်ပွင့်လင်းလင်း ပြောဖို့နဲ့ လိုအပ်နေတဲ့ အကူအညီတွေကိုလည်း ပေးအပ်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲ့ဒီရွာကနေတဆင့် ဘင်္ဂါလီတွေကို ပြန်လည်နေရာချထားရေး ပြန်လည်လက်ခံရေးဆောက်လုပ်မယ့် စခန်းတွေကို ရဟတ်ယာဉ်နဲ့ သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ခရီးစဉ်မှာ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရဲအောင်၊ အလုပ်သမား/ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေ၊ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ သမ္မတရုံးဒုဝန်ကြီး ဦးမင်းသူ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အောင်ဝင်းဦးနဲ့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု စသူတွေ လိုက်ပါသွားခဲ့ပါတယ်။

သတင်း - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013