DVB Logo
Home
မြန်မာသတင်း
ဘားအံမှလွှတ်သည့် ငွေနှင့် အလှူပစ္စည်းပါ မီးပုံးပျံကြီး ထိုင်းနိုင်ငံထဲ ကျရောက် (ရုပ်သံ)
DVB
·
November 2, 2017
ဘားအံမှလွှတ်သည့်  ငွေနှင့် အလှူပစ္စည်းပါ မီးပုံးပျံကြီး ထိုင်းနိုင်ငံထဲ ကျရောက် (ရုပ်သံ)
Donate to DVB

 

မြန်မာနိုင်ငံ ကရင်ပြည်နယ် ဘားအံမြို့နယ်ကနေ လွှတ်တင်လိုက်တဲ့ မီးပုံးပျံကြီးတလုံးဟာ ထိုင်းနိုင်ငံမြောက်ပိုင်း လမ်းပန်းခရိုင်ထိ ဘေးရန်ကင်းစွာ ရောက်ရှိသွားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ ညနေ ၆ နာရီလောက်က ဧရာမ မီးပုံးပျံကြီးတလုံးဟာ လမ်းပန်းမြို့နယ် ကလွေ့မုန့်အုပ်စု ကလွေ့ဖရဲ့ကျေးရွာ အိမ်အမှတ် ၉၉ ရဲ့ ခေါင်မိုးပေါ်ကို တည်ငြိမ်စွာ ဆင်းသက်ကျရောက်ခဲ့ပါတယ်။

အဆိုပါ မီးပုံးပျံကို တဖြည်းဖြည်းကျဆင်းလာတာကို ရွာသားတွေက စောင့်ကြည့်နေပြီး နောက်ဆုံးတော့ နိုင်းအစ်သိဖန်း ခမ်းမီးအွန်ဆိုသူရဲ့ အိမ်ခေါ်မိုးပေါ်မှာ တည်ငြိမ်စွာ တံ့နေခဲ့ပါတယ်။

ရွာသားတွေက မီးပုံးပျံကို ဆွဲချဖြေကြည့်ရာမှာ မီးပုံးပျံမှာ တရုတ်မင်းသား ကျန်ဂျောင်းရဲ့ ဓာတ်ပုံတွေပါတဲ့ ပလတ်စတတ်သားနဲ့ပြုလုပ်ထားပြီး အမြင့် ၁၅ မီတာ၊ အောက်က မှိုင်းဝအကျယ် ၅ မီတာ ရှိကြောင်း၊ မီးပုံးပျံရဲ့အမြီးမှာလည်း စောင်အထည် ၁၀၀ ခန့် ချိတ်ဆွဲထားကာ မြန်မာကျပ်ငွေ တစ်ထောင်တန် ၁၄ ရွက်နဲ့ မြန်မာလိုရေးထားတဲ့ စာတစ်စောင်ပါ ပါလာတယ်လို့ အိမ်ရှင်က သတင်းထောက်ကို ပြောပါတယ်။

ဘာသာပြန်ကို မေးကြည့်ရာမှာ ဦးဇင်းတပါးမှ မီးပုံးပျံတွေ့ရှိက ဆက်သွယ်ဖို့ ဖုန်းနံပါတ် ပေးထားတာလို့ ဆိုပါတယ်။

အဆိုပါ ဖုန်းနံပါတ်အတိုင်း ဒီဗွီဘီက ဆက်သွယ်ကြည့်ရာမှာ ကရင်ပြည်နယ် ဘားအံမြို့နယ် မြပြည်ဆိုတဲ့ ကျေးရွာကထိန်အလှူပွဲက လွှတ်တင်လိုက်တဲ့ မီးပုံးပျံကြီး ဖြစ်နေတာကို သိရပါတယ်။

မြပြည်ကျောင်းတိုက်က ဦးဇင်းဦးပညာက သူတို့အလှူအတန်းအဖြစ် လွှတ်တင်ခဲ့တဲ့ မီးပုံးပျံကြီး ဘေးမသီရန်မခ အဝေးကြီးကို ရောက်သွားတော့ ၀မ်းမြောက်စွာ သာဓုခေါ်ကြောင်း၊ တရွာလုံးလည်း ပျော်နေကြကြောင်း၊ ထိုင်းကနေ ဖုန်းတွေဝင်လာပေမယ့် တဘက်နဲ့တဘက် ဘာသာစကား မပေါက်လို့ ဘာမှမဖြေလိုက်ရဘူးလို့ ပြောပါတယ်။

“မီးပုံးပျံ အဲလောက်အဝေးကြီး ရောက်သွားမယ်လို့ မထင်ဘူး။ မီးပုံးပျံဘာမှမဖြစ်ဘဲ ရောက်သွားတော့ စိတ်ထဲမှာ ပျော်သွားတာပေါ့နော်။ အလှူအတွက် သာဓုခေါ်တယ်ပေါ့၊ ရွာသားတွေလည်း ပျောေ်နကြတာပေါ့။ အံ့လည်း အံ့သြတာပေါ့။ ဦးဇင်းတို့ အဲဒီမီးပုံးပျံကို အောက်တိုဘာ ၃၁ ရက် မနက် ၈ နာရီကျော်လောက်ကလွှတ်တာ၊ ညနေပိုင်းမှာ ထိုင်းကဒကာတွေ ဖုန်းဆက်လာတယ်၊ ဦးဇင်းလည်း ထိုင်းလိုနား မလည်ဘူး။ အဲဒီနေ့က လွှတ်တဲ့ မီးပုံးပျံတွေက ဆယ်လုံးကျော်တယ်။ ငွေနဲ့ အလှူပစ္စည်း ထည့်တာတော့ အဲဒီတလုံးပဲ။ အရင်နှစ်လည်း လွှတ်ပါတယ်၊ ဒီနှစ်မှ ထိုင်းကိုရောက်သွားတာ။”

အဆိုပါ မီးပုံးပျံကြီးကို ရွာသားတွေ ထည့်ဝင်တဲ့ အလှူငွေနဲ့ ကျပ် ၈ သိန်းဖိုး အကုန်ကျခံ ပြုလုပ်ခဲ့ကြောင်း၊ မီးပုံးပျံမှာပါရှိတဲ့ တရုတ်မင်းသား ကျန်ဂျောင်းပုံကတော့ ဘာရည်ရွယ်ချက်မှ မရှိကြောင်း၊ လှမယ်ထင်လို့ သုံးလိုက်တာပဲလို့ ပြောပါတယ်။

မြပြည်ကျေးရွာဟာ ဘားအံမြို့တောင်ဘက် ၁၂ မိုင်ခန့်အကွာမှာရှိပြီး အိမ်ခြေပေါင်း  ၂၀၀ ကျော်ရှိ ရွာကြီးတရွာဖြစ်ကာ ပိုးကရင်တိုင်းရင်းသားတွေ အများဆုံးနေထိုင်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013