DVB Logo
Home
မြန်မာသတင်း
ဒေါ်​အောင်ဆန်း​စုကြည်​ စစ်​​တွေ​နှင့် ​မောင်​​တောဒေသသို့ သွားရောက်
DVB
·
November 2, 2017
ဒေါ်​အောင်ဆန်း​စုကြည်​ စစ်​​တွေ​နှင့် ​မောင်​​တောဒေသသို့ သွားရောက်
1 / 7
Donate to DVB

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ် စစ်တွေလေဆိပ်ကို ဒီကနေ့ မနက် ၈ နာရီလောက်က လေယာဉ်နဲ့ ရောက်ရှိလာပြီး လေဆိပ် အစည်းအဝေးခန်းမဆောင်မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေကို တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးပြီးနောက် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့တဲ့ မောင်တောမြောက်ပိုင်းကို  ရဟတ်ယာဉ်နဲ့ ဆက်လက်ထွက်ခွာသွားပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရသစ်လက်ထက်မှာ ပထမဦးဆုံးအကြိမ် ရခိုင်ပြည်နယ်ကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၃ ခုနှစ်က တခါ ရခိုင်ပြည်နယ်ကို ရောက်ရှိခဲ့ဖူးပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ ARSA အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်ကို ပထမဆုံးအကြိမ် သွားရောက်တဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။

ခရီးစဉ်အတွင်း စစ်တွေလေဆိပ်အပါအဝင် စစ်တွေမြို့နေရာအချို့မှာ လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ် ချထားပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013