DVB Logo
Home
မြန်မာသတင်း
ဘားအံအကျဉ်းထောင်မှာ မီးလောင်မှုဖြစ်ပွား
DVB
·
November 2, 2017
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ဘားအံ အကျဉ်းထောင်(တောင်ကလေး) အကျဉ်းဦးစီးဌာန ဝင်းအတွင်း နိုဝင်ဘာလ ၁ ရက်နေ့ ည ၁၀ နာရီခွဲအချိန်က မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ကရင်ပြည်နယ် မီးသတ်ဦးစီးဌာနက သိရပါတယ်။

ကရင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိ မီးသတ်အရာရှိတဦးက “ရေခဲသေတ္တာ Save Guard အပူလွန်ကဲရာကနေ စတင်လောင်ကျွမ်းတာပါ။ တပ်သား ခင်နှင်းပွင့်ဖြူ အိမ်ကနေ စဖြစ်တာပါ။ စဖြစ်ဖြစ်ချင်း သတိလစ်ပြီး ရှော့ခ်ဖြစ်သွားတယ်။ မီးနဲ့ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရတွေတော့ တခုမှ မရှိဘူး”လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် ဘားအံမြို့နယ်မှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ စက်မှုဇုန်မှ မီးငြှိမ်းသတ်ယာဉ် ၁ စီးတို့နဲ့ ငြှိမ်းသတ်ခဲ့ရပြီး ည ၁၁ နာရီ ၄၅ မိနစ်မှာ မီးညွန့်ကျိုးခဲ့တယ်လို့ မီးသတ်အရာရှိက ပြောပါတယ်။

မီးလောင်မှုကြောင့် ထောင်အတွင်းရှိ အကျဉ်းထောင် ဝန်ထမ်းတွေ နေထိုင်ရာ တန်းလျား ၆ ခန်းတွဲ (ပတ်လည် ၆၀×၁၅ ပေ သွပ်မိုး) လောင်ကျွမ်းခဲ့ပြီး ကာလတန်ဖိုး သိန်း ၃၀ ခန့် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် တပ်သား ခင်နှင်းပွင့်ဖြူကို ဘားအံမြို့မရဲစခန်းမှ ပုဒ်မ ၂၈၅ (ပ) ၁၃၂၂/၂၀၁၇ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ဘားအံမြို့မရဲစခန်းမှ သိရပါတယ်။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013