DVB Logo
Home
မြန်မာသတင်း
တတိယအကြိမ်ပင်လုံညီလာခံကို ယခုနှစ်မကုန်ခင်မဖြစ်မနေကျင်းပမည်
DVB
·
November 1, 2017
တတိယအကြိမ်ပင်လုံညီလာခံကို ယခုနှစ်မကုန်ခင်မဖြစ်မနေကျင်းပမည်
Donate to DVB

အစိုးရအနေနဲ့ ၂၁ ရာစု ပင်လုံတတိယအကြိမ် အစည်းအဝေးကို အခုနှစ်အတွင်း မဖြစ်မနေ ကျင်းပဖို့ သန္ဓိဋ္ဌာန်ချထားတယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ -UPDJC ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောပါတယ်။

နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)မှာ အောက်တိုဘာ ၃၁ရက်က ပြုလုပ်ခဲ့တဲ့ (၁၂)ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ -UPDJC အစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၃၀ နဲ့ ၃၁ နှစ်ရက်ပြုလုပ်တဲ့ အစည်းအဝေးမှာ ၂၁ ရာစု ပင်လုံတတိယ အစည်းအဝေးမှာ ဆွေးနွေးမယ့်ခေါင်းစဉ်တွေ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပမယ့်နေရာနဲ့ ကျင်းပမယ့်ပုံစံသတ်မှတ်ရေးတွေ၊ ကော်မတီမှာ ဆွေးနွေးမယ့်စာတမ်းတွေနဲ့ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း ၁ ကို ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းမယ့် ကိစ္စတွေ ဆွေးနွေးကြမှာ ဖြစ်တယ်လို့ အတိုင်ပင်ခံရုံး သတင်းမှာ ဖော်ပြခဲ့ပါတယ်။

အခု နှစ်ရက်ကြာ အစည်းအဝေးအပြီးမှာတော့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပမယ့်ကိစ္စနဲ့ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း ၁ ကို ပြည်ထောင်စု လွှတ်တော်ကိုတင်သွင်းမယ့်ကိစ္စတွေ ဆွေးနွေးညှိနှိုင်းလို့ အဆင်မပြေဘဲ ဆုံးဖြတ်ချက် တစုံတရာ မချနိုင်ခဲ့ပါဘူး။

အစည်းအဝေးကို ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ-UPDJC အဖွဲ့ဝင်တွေဖြစ်ကြတဲ့ အစိုးရအဖွဲ့ကိုယ်စားလှယ်များ၊ တနိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013