မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှာ နိုဝင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းအချိန်က တရားမဝင် ပိတောက်သစ်များ သယ်ဆောင်လာတဲ့ ယာဉ် ၁ စီး တိမ်းမှောက်ရက် အနေအထားနဲ့ ပိုင်ရှင်မဲ့ တွေ့ရှိဖမ်းမိခဲ့တယ်လို့ တွင်းငယ်သစ်တော ဘိနယ်ရုံးမှ တောအုပ်ကြီး ဦးမြင့်လွင်က ဒီဗွီဘီကို ပြောပါတယ်။
မန္တလေး- ဗန်းမော် ကားလမ်း မိုင်တိုင်အမှတ် ၁၂/၇ နဲ့ ၁၃/၈ အကြားမှာ × - 5780 နံပါတ်ပါ Hino ကား ခေါင်းတို အမျိုးအစား ယာဉ်တစီးဟာ လမ်းကို ကန့်လန့်ဖြတ် ပိတ်ဆို့ တိမ်းမှောက်နေတာကို တွေရှိခဲ့တာလို့ ဆိုပါတယ်။
ပိတောက်သစ် ဓားရွေတုံး ၄၅ တုံး၊ စုစုပေါင်း သစ်တန် ၅ တန်ကျော်ခန့် တရားမဝင် သယ်ဆောင်လာစဉ် တိမ်းမှောက်နေတာကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ ပိတောက်သစ် ဓားရွေတုံးတွေကို သက်ဆိုင်ရာ သပိတ်ကျင်း ဘိနယ် သစ်တောရုံးကို နိုင်ငံတော်ဘဏ္ဍာအဖြစ် ရွှေ့ပြောင်းသယ်ယူ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
သတင်း - သီဟဆွေ(ကသာ)











