ဧရာဝတီ စာပေပွဲတော်-မန္တလေးကို နိုဝင်ဘာ ၃ ရက်မှ ၅ ရက်အထိ Mandalay hill resort ဟိုတယ်မှာ ၃ ရက်ကြာ ကျင်းပဖို့ရှိနေပါတယ်။
စတုတ္ထအကြိမ်မြောက် ကျင်းပမယ့် ဧရာဝတီစာပေပွဲတော်မှာ နိုင်ငံတကာ စာပေပညာရှင် ၅၀ ဦးနဲ့ ရန်ကုန်၊ မန္တလေးက စာရေးဆရာတွေ ပါဝင်မှာဖြစ်ပြီး စာပေဟောပြော ဆွေးနွေးတာတွေအပြင် ပန်းချီ၊ ပန်းပု၊ ကာတွန်းပြခန်းတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
ဝင်ကြေး အခမဲ့ဖြစ်ပြီး စာအုပ်ဈေးပွဲတော်နဲ့ မြန်မာ့ရုပ်သေးကပွဲတွေလည်း ပါဝင်မှာ ဖြစ်တယ်လို့ ဒီနေ့ ပွဲတော်အကြို သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေက ပြောပါတယ်။
ဧရာဝတီ စာပေပွဲတော်ကို ရသစာပေနဲ့ လူငယ်မျိုးဆက်သစ်တွေ ဦးဆောင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ၂၀၁၄ ခုနှစ်က စတင်ကျင်းပခဲ့တာပါ။










