DVB Logo
Home
မြန်မာသတင်း
ABSDF ကျောင်းသားတပ်မတော်တည်ထောင်သည့် ၂၉ နှစ်ပြည့် အခမ်းအနားကျင်းပ (ဓာတ်ပုံ)
DVB
·
November 1, 2017
ABSDF ကျောင်းသားတပ်မတော်တည်ထောင်သည့် ၂၉ နှစ်ပြည့် အခမ်းအနားကျင်းပ (ဓာတ်ပုံ)
1 / 17
Donate to DVB

 

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ကျောင်းသားတပ်မတော် ဖွဲ့စည်းတည်ထောင်တဲ့ ၂၉ နှစ်ပြည့် အခမ်းအနားကို (အေဘီအက်စ်ဒီအက်ဖ်-မြောက်ပိုင်း) ကချင်ပြည်နယ် ဂျန်ထုန်၊ လခွမ်းဘွမ်မှာ ကျင်းပပါတယ်။

ကျောင်းသားတပ်မတော်အနေနဲ့ အစွန်းတရားတွေကို သတိထားဆင်ခြင်ကာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရက်တစ်ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးတို့အတွက် ဆက်လက် ကြိုးပမ်းသွားမယ်လို့ ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ တတိယအစည်းအဝေးမတိုင်ခင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် တိုင်းဒေသကြီး ၇ခုမှာလူထုအကြို ညှိနှိုင်းဆွေးနွေးပွဲတွေ လုပ်သွားမယ်လို့လည်းဆိုပါတယ်။

၈၈၈၈ ဒီမိုကရေစီရေး လူထုလှုပ်ရှားမှုကို စစ်တပ်ကအကြမ်းဖက်ဖြိုခွဲ အာဏာသိမ်းပြီးေ နာက် နယ်စပ်ဒေသကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ကျောင်းသားလူငယ်တွေ စုပေါင်းပြီး   လက်နက်ကိုင်တော်လှန်ဖို့ အတွက် အေဘီအက်စ်ဒီအက်ဖ်အဖွဲ့ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ အောက်တိုဘာလက အစိုးရနဲ့ တနိုင်ငံလုံးအပစ်ရပ်သဘောတူစာချုပ် အန်စီအေမှာ ပါဝင်သဘောတူ လက်မှတ်ထိုးထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013