DVB Logo
Home
မြန်မာသတင်း
ကားလမ်းဘေး ထိုင်နေသူများကို ဒိုင်နာကား ဝင်တိုက်သဖြင့် ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ
DVB
·
November 1, 2017
Donate to DVB

အောက်တိုဘာလ ၃၀ ရက်နေ့ ညနေပိုင်းက ကလေးမြို့နဲ့ တမူးမြို့ ဆက်သွယ်ထားတဲ့ ကားလမ်းဘေး ကံဦးရွာအနီးမှာ လမ်းဘေးထိုင်နေသူအချို့ကို ဒိုင်နာယာဉ်က ၀င်ရောက်တိုက်မှု ဖြစ်ပွားခဲ့တာကြောင့် အသက် ၅၀ ကျော် အမျိုးသားတဦးသေဆုံးခဲ့ရပြီး အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စခန်းကြီးရဲကင်းစခန်းမှူးက ပြောပါတယ်။

စခန်းကြီးရဲကင်းစခန်းမှူး ရဲအုပ်လယ်မန်းက “ကားက ကလေးမြို့ကနေ တမူးဘက်ကို သွားတာ ဒိုင်နာအဖြူရောင်ကားက ဘာဖြစ်တယ်တော့ မသိဘူး။ ရွာအ၀င်နားမှာ လမ်းဘေး ထိုင်နေတဲ့ လူကို တိုက်မိတာ။ ကားက အခွံ ဘာမှ မပါဘူး။ ကုန်လည်း မပါဘူး ခရီးသည်လည်း မပါဘူး။ ယာဉ်မောင်းပဲ ပါတယ်” လို့ ပြောပါတယ်။

မတော်တဆတိုက်မှုမှာ ကံဦးရွာမှာ နေထိုင်တဲ့ အသက် ၅၄ နှစ်အရွယ် ဂင်ဆွင်ခိုင်ကတော့ သေဆုံးသွားခဲ့ပြီး တန်လန်သွောင်က ရင်ဘတ်နဲ့ ဘယ်ခြေထောက်ဒဏ်ရာနဲ့ ခုပ်ရှင်းထန်က နဖူးပွန်းပဲ့ဒဏ်ရာ နှာခေါင်းပွန်းပဲဒဏ်ရာ နှုတ်ခမ်းပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ပြီး ကလေးမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံနေတယ်လို့ သိရပါတယ်။

မတော်တဆမှု ဖြစ်ခဲ့တဲ့ ကားကတော့ SGG-2G/3466 နံပါတ်ပါ ဒိုင်နာအမျိုးအစား အဖြူရောင်ယဉ်ဖြစ်ပြီး ယာဉ်မောင်းသူကတော့ ခမ်းပတ်မြို့နယ် ကနန်ကျေးရွာမှာ နေထိုင်တဲ့ ကျုံးနိုက်ထန်ဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် သေဆုံး အနာတရမှုတွေ ဖြစ်ခဲ့တဲ့အတွက် စခန်းကြီးရဲကင်း စခန်းမှူး ရဲအုပ်လယ်မန်းကပဲ တရားလိုပြုပြီး ယာဉ်(ပ)၉၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၀၄-က နဲ့ အမှုဖွင့် တိုင်တန်းထားတယ်လို့ သိရပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013