DVB Logo
Home
မြန်မာသတင်း
ဘုရင့်နောင်၏ ခေါင်းလောင်းစာကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ်သတ်မှတ်
DVB
·
November 1, 2017
ဘုရင့်နောင်၏ ခေါင်းလောင်းစာကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ်သတ်မှတ်
Donate to DVB

 

ဘုရင့်နောင်မင်းတရားကြီးရဲ့ ခေါင်းလောင်းစာကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ခံရတယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက အောက်တိုဘာ ၃၁ ရက်မှာ ကြေညာပါတယ်။

အောက်တိုဘာ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပတဲ့ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အတွက် အပြည်ပြည်ဆိုင်ရာ အကြံပေးကော်မတီရဲ့  (၁၃) ကြိမ်မြောက် အစည်းအဝေးမှာ  နိုင်ငံအသီးသီးက မှတ်တမ်းအမွေအနှစ်ပေါင်း (၁၃၀)ခုကို အဆိုပြုတင်သွင်းတဲ့အထဲက  ဘုရင့် နောင်မင်းတရားကြီးရဲ့ ခေါင်းလောင်းစာအပါအဝင် (၇၈) ခုကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အဖြစ်သတ်မှတ်ခဲ့တာပါ။

ပုဂံ၊ ရွှေစည်းခုံဘုရားရင်ပြင်တော်ပေါ်ရှိ ဘုရင့်နောင်ခေါင်းလောင်းကြီးကို မြန်မာသက္ကရာဇ် ၉၁၇ (အေဒီ ၁၅၅၇) ခုနှစ်မှာ ဆင်ဖြူရှင်ဘုရင့်နောင်မင်းတရားကြီးက လှူဒါန်းခဲ့ပြီး ခေါင်းလောင်းစာမှာ ဘုရင့်နောင်ရဲ့ တိုက်ခိုက်အောင်မြင်ရာအရပ်ဒေသနဲ့ သာသနာပြုပုံတွေကို ရက်စွဲတွေနဲ့အတိအကျဖော်ပြကာ  မွန်၊ မြန်မာ၊ ပါဠိ (၃) ဘာသာနဲ့ ရေးထိုး မှတ်တမ်းတင်ထားခဲ့တာပါ။

ဘုရင့်နောင်ခေါင်းလောင်းစာဟာ ခိုင်လုံတဲ့ ခေတ်ပြိုင်မှတ်တမ်းဖြစ်တာ၊ နေ့ရက်တွေကို တိုက်ဆိုင်စစ်ဆေးတဲ့အခါ တိကျမှန်ကန်တာ၊ ဘုရင့်နောင်မင်းတရားရဲ့ မိဖုရားအမည်တွေကို အတိအကျသိရတာ၊ မဟာရာဇဝင်ကြီးနဲ့ မှန်နန်းရာဇဝင်တော်ကြီးတို့မှာ မပြည့်မစုံ၊ မတိမကျ ဖော်ပြထားတာတွေကို ပြည့်စုံတိကျအောင် ဖြည့်စွက်နိုင်တာ စတဲ့ အချက်တွေနဲ့  ပြည့်စုံတာကြောင့် ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ်တင်သွင်းခဲ့ရတာလို့ ဆိုပါတယ်။

မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားကျောက်စာတွေ၊  မြစေတီ (ရာဇကုမာရ်) ကျောက်စာနဲ့ မြန်မာဘုရင် အလောင်းဘုရားက ဗြိတိန်ဘုရင် ဂျော့-၂ ထံသို့ပေးပို့ခဲ့တဲ့  ရွှေပေလွှာတွေဟာလည်း  ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)ရဲ့ ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အဖြစ်သတ်မှတ်ခံထားရပါတယ်။

ဓာတ်ပုံ- MORAC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013