DVB Logo
Home
မြန်မာသတင်း
ကြေးမုံသတင်းစာတိုက် ငွေကိုင်ဝန်ထမ်းက ငွေများခိုးယူ၍ သတင်းစာတိုက်ကို မီးရှို့ရန်ကြံစည်
DVB
·
October 31, 2017
ကြေးမုံသတင်းစာတိုက် ငွေကိုင်ဝန်ထမ်းက ငွေများခိုးယူ၍ သတင်းစာတိုက်ကို မီးရှို့ရန်ကြံစည်
Donate to DVB

 

ရန်ကုန်မြို့ရှိ နိုင်ငံပိုင်  ကြေးမုံသတင်းစာတိုက်မှာ ငွေကိုင်ဝန်ထမ်းက ငွေတွေခိုးယူပြီး မီးရှို့ဖို့ ကြံစည်ခဲ့တယ်လို့ ကြေးမုံသတင်းစာက သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းနဲ့  ၅၂ လမ်းထောင့်က ကြေးမုံသတင်းစာတိုက် (ရန်ကုန်ရုံးခွဲ) မှာ မနေ့ညနေက ဖြစ်ခဲ့တာပါ။

ငွေကိုင်ဝန်ထမ်းတယောက်က ဌာနမီးခံသေတ္တာထဲကို ၅၀၀ တန် ငွေတချို့နဲ့ ငွေစက္ကူအရွယ် စက္ကူထုပ်တွေ ထည့်ပြီး မီးရှို့ဖို့ ကြံစည်တာလို့ ဆိုပါတယ်။

ကြံစည်နေတုန်းမှာပဲ တခြားဝန်ထမ်းတွေက တွေ့ရှိခဲ့ပြီး ပုဇွန်တောင်မြို့နယ် ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့လည်း ကြေးမုံသတင်းစာက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013