DVB Logo
Home
မြန်မာသတင်း
တီအန်အယ်လ်အေတပ်များ ဝင်ရောက်လာသဖြင့် မိုင်းတောင်ရွာသား ၁၆၀ ကျော် တိမ်းရှောင်
DVB
·
October 31, 2017
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ နာဆိုင်းကျေးရွာအုပ်စု မိုင်းတောင်ကျေးရွာထဲကို တီအန်အယ်လ်အေ စစ်ကြောင်းတခုက လက်နက်ကြီးငယ်တွေ ပစ်ဖောက် ဝင်ရောက် နေရာယူ ယာယီစခန်းချထားတာကြောင့် ဒေသခံတွေ ကြောက်လန့်ပြီး လားရှိုးမြို့နယ်ဘက်ကို ထွက်ပြေး တိမ်းရှောင်လာကြပါတယ်။

တိမ်းရှောင်လာသူ ကလေးမိခင်တဦးက “တနေ့က လက်ဖက်အဖွဲ့ ရွာထဲ ဝင်လာပြီး နေထိုင်ကြတယ်။ ရွာထဲမဝင်ခင် သေနတ်လည်း ဖောက်တယ်။ လက်နက်ကြီးလည်း ပစ်တယ်။ တိုက်ပွဲလည်း မဖြစ်ဘူး။ ပြည်သူလူထုလည်း ထိခိုက်တာ မရှိပါဘူး။ ကျမတို့ဘာသာ ကြောက်လို့ အီနိုင်းဘက်ကို ပြေးလာတာပါ"လို့ ပြောပါတယ်။

မိုင်းတောင်ကျေးရွာက ထွက်ပြေးတိမ်းရှောင်လာတဲ့ အိမ်ထောင်စု ၄၉ စု၊ ကလေး လူကြီး ကျား၊ မ လူဦးရေပေါင်း ၁၆၅ ဦးရှိပြီး အခုလက်ရှိ လာရှိုးမြို့နယ် အီနိုင်းကျေးရွာက အီနိုင်းလုံ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြပါတယ်။

အဲဒီစစ်ရှောင်လာသူတွေကို လားရှိုးမြို့နယ်အုပ်ချုပ်ရေးပိုင်းနဲ့ လူ၊ ကယ်၊ ပြန်ဌာနက လိုအပ်တာတွေ ထောက်ပံ့ထားပြီး ဒေသခံပရဟိတအဖွဲ့တွေက ဝိုင်းဝန်းကူညီနေကြပါတယ်။

လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက “အခု စစ်ရှောင်လာတဲ့ မိသားစုတွေအတွက် လိုအပ်တာတွေ ထောက်ပံ့ထားပါတယ်။ ဒါ့အပြင် ဒီနေ့ညနေအတွက် ဟင်းဖိုးမရှိဘူးဆိုလို့ တယောက်ကို ၁၀၀၀ နှုန်းနဲ့ လူအယောက် ၁၆၅ ယောက်စာအတွက် ကျပ်ငွေ ၂ သိန်းကို လားရှိုးမြို့နယ် အုပ်ချုပ်ရေးက လှူပါတယ်။ ပြီးတော့ လားရှိုးခရိုင် လူ၊ ကယ်၊ ပြန်အနေနဲ့ စစ်ရှောင်တွေအတွက် တပတ်စာ ဆန်ဖိုးနဲ့ လိုအပ်တဲ့အခြေခံပစ္စည်း ၁၀ မျိုးကို လှူဒါန်းထားပြီးပါပြီ" လို့ ပြောတယ်။

နမ္မတူမြို့နယ်၊ နားဆိုင်းကျေးရွာအုပ်စု၊ မိုင်းတောင်ကျေးရွာမှာ ဝင်ရောက်နေယူထားတဲ့ TNLA တအာင်းတပ်ဖွဲ့ဟာ NCA မှာ လက်မှတ် မရေးထိုးရသေးတဲ့ မြန်မာပြည်မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုအဖွဲ့ဝင် တပ်ဖွဲ့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013