DVB Logo
Home
မြန်မာသတင်း
ဇနီးနှင့် စကားများ၍ ခင်ပွန်းဖြစ်သူ ကိုယ့်ကိုယ်ကိုယ် သတ်သေ
DVB
·
October 31, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့မှာ မနေ့ည ၁၀ နာရီက ဇနီးသည်နဲ့ စကားများ ရန်ဖြစ်ပြီး ခင်ပွန်းဖြစ်သူက သူ့ရဲ့ ရင်ဝနဲ့ ဝမ်းဗိုက်တို့ကို မီးဖိုချောင်သုံးဓားနဲ့ ထိုးစိုက်ကာ သတ်သေသွားတယ်လို့ မိတ္ထီလာမြို့မရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

မိတ္ထီလာမြို့ ရေလည်ကျောင်းဝင်းအတွင်း အလယ်တန်း ကျောင်းဆောင်အဟောင်းမှာ နေထိုင်တဲ့ အသက် ၂၄ နှစ်ရှိ ပြည့်ဖြိုးအောင်နဲ့ ဇနီးဖြစ်သူတို့ စကားများကြပြီး ပြည့်ဖြိုးအောင်က သူရဲ့ ရင်ဝနဲ့ဝမ်းဗိုက်ကို အရိုးအသွား ၈ လက်မ ဗျက်လက်မဝက်ကျော်တဲ့ မီးဖိုချောင်သုံးဓားနဲ့ ပြည့်ဖြိုးအောင်က ကိုယ့်ကိုယ်ကိုယ်  ထိုးစိုက်သေဆုံးသွားတာပါ။

ဒုရဲအုပ်အောင်သူမင်းက "လင်မယားနှစ်ယောက်လုံး ဈေးရောင်းကြတယ်။ အလုပ်က ပြန်လာတဲ့ ခင်ပွန်းဖြစ်သူ အရက်သောက်လာတာ မကြိုက်လို့ ပြောရာက စကားများကြပြီး ပြည့်ဖြိုးအောင် ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်။ ခွဲစိတ်စစ်ဆေးဖို့ မိတ္ထီလာဆေးရုံ ပို့ပါတယ်"လို့ ပြောပါတယ်။

မိတ္ထီလာမြို့မရဲစခန်းမှာ သေမှုသေခင်းအမှတ်စဉ် ၁၅/၂၀၁၇နဲ့အမှုဖွင့်ပြီး ဓမ္မတာအတိုင်း သေတယ်ဆိုတာ ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနေပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013