DVB Logo
Home
မြန်မာသတင်း
အများပြည်သူနှင့် ဆိုင်သောနေရာများ၌ အရက်သောက်သူ ၁၀၀ ကျော်ကို တညတည်း ဖမ်းဆီး
DVB
·
October 31, 2017
အများပြည်သူနှင့် ဆိုင်သောနေရာများ၌ အရက်သောက်သူ ၁၀၀ ကျော်ကို တညတည်း ဖမ်းဆီး
Donate to DVB

 

ရန်ကုန်တိုင်းဒေသကြီးထဲက အများပြည်သူနဲ့သက်ဆိုင်တဲ့ နေရာတွေမှာ ဝိုင်းဖွဲ့ အရက်သောက်သူ အယောက် ၁၀၀ ကျော် တညတည်းမှာ ဖမ်းခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အများပြည်သူနဲ့ဆိုင်တဲ့ လူစည်ကားရာ ပန်းခြံတွေ၊ လမ်းဆုံလမ်းခွတွေ၊  တံတားတွေနဲ့ လူသွား စင်္ကြန်တွေပေါ်မှာ ဝိုင်းဖွဲ့အရက်သောက်တာ မလုပ်ဖို့ အောက်တိုဘာ ၁ ရက်ကစလို့ ပညာပေးဟောပြောခဲ့ပါတယ်။

အဲဒီနောက် တလပြည့်တဲ့ မနေ့ည အောက်တိုဘာ ၃၀ မှာ လိုက်လံ ဖမ်းဆီးခဲ့တာပါ။

အရှေ့ပိုင်းခရိုင် မြို့နယ်တွေက ၉ ယောက်၊ အနောက်ပိုင်းခရိုင်မြို့နယ်တွေက ၇၁ ယောက်၊ မြောက်ပိုင်းခရိုင်မြို့နယ်တွေက ၂၈ ယောက် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဖမ်းမိသူတွေကို သက်ဆိုင်ရာ ရဲစခန်းတွေမှာ ရန်ကုန်ရဲအက်ဥပဒေနဲ့အမှုပေါင်း ၃၉ မှုဖွင့်ထားတယ် လို့လည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013