DVB Logo
Home
မြန်မာသတင်း
တောင်ကြီး မီးပုံးပျံပြိုင်ပွဲ၌ လူအုပ်ထဲ မီးပုံးပျံပျက်ကျ၊ ၁၂ ဦး ဒဏ်ရာရ (ရုပ်သံ)
DVB
·
October 31, 2017
တောင်ကြီး မီးပုံးပျံပြိုင်ပွဲ၌ လူအုပ်ထဲ မီးပုံးပျံပျက်ကျ၊ ၁၂ ဦး ဒဏ်ရာရ (ရုပ်သံ)
Donate to DVB

 


ရှမ်းပြည်နယ် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းမှာ လက်ရှိကျင်းပနေတဲ့ တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပြိုင်ပွဲမှာ မနေ့ညက ပြိုင်ပွဲဝင်မီးပုံးပျံတလုံးမီးလောင်ပြီး လူအုပ်ထဲကျလာတဲ့အတွက် အနည်းဆုံး လူ ၁၂ ဦး ထိခိုက်ဒဏ်ရာရပြီး ၆ ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ ခရိုင်မီးသတ်ဌာနက ပြောပါတယ်။

တွံတီးမီးလို့ အမည်ပေးထားတဲ့ မီးပုံးပျံဟာ မနေ့ ည ၈ နာရီ ၅၀ မိနစ်ခန့်က ညမီးကျည်း ပြိုင်ပွဲအတွက် အထက်ကိုလွှတ်တင်လိုက်စဉ် ပေ ၂၀၀ လောက်အမြင့်မှာ မီးလောင်ပြီး   အော က်က စားသောက်ဆိုင်နဲ့ လူအုပ်ထဲကိုကျလာလို့  လူတွေထိခိုက်ဒဏ်ရာရခဲ့တာလို့  တောင်ကြီး ခရိုင် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးကျော်သူက ဒီဗွီဘီကို ပြောပါတယ်။

“တွံတီးအဖွဲ့ရဲ့ ညမီးကျည်ကပေါ့ မှိုင်းပေးတယ်။ ပြီးတော့ လွှတ်တင်တယ်။ ပေ ၁၀၀ လောက် အမြင့်ရောက်တော့  မီးပုံးရဲ့အောက်ခြေပိုင်းမှာ မီးလောင်တဲ့အကွက်ကို စတွေ့ရတယ်။ ပြီးတော့ သူဆက်တက်သွားပြီး ပေ ၂၀၀ လောက်ရောက်မှ အောက်ကို ပြုတ်ကျလာတယ်။            ပျက်ကျတော့ လွှတ်ကွင်းရဲ့ဘေးမှာရှိတဲ့ ကြည့်ကွင်းထဲမှာ ဈေးထိုင်ရောင်းနေတဲ့ ၀က်သား တုတ်ထိုးဆိုင်ပေါ်ပြုတ်ကျပြီး မီးဆက်လောင်တယ်။ ဒါနဲ့ အဲဒီနဲ့မနီးမဝေးမှာ အသင့်ရပ်ထားတဲ့ ကျနော်တို့ မီးသတ်ဌာနက မီးသတ်ယာဉ် ၂ စီး သွားငြိမ်းသတ်တယ်။ မီးသတ်ဗူးကျောမှာ လွယ်ထားတဲ့ တပ်ဖွဲ့ဝင် ၈ ဦးလည်း ရောက်သွားတယ်။ မီးသတ်တာ ခနပါပဲ။ ၁၅ မိနစ်မကြာဘူး၊ မီးငြိမ်းသွားတော့ ယမ်းခွေရဲ့အောက်မှာ တကိုယ်လုံးမီးလောင်ဒဏ်ရာရထားတဲ့ အသက် ၄၀ ကျော် အမျိုးသမီးတဦးနဲ့ မိန်းကလေး ၂ ဦးကို ကယ်ဆယ်ရွှေ့ထုတ်ပြီး ကြက်ခြေနီကားနဲ့ စ၀်စံထွန်းဆေးရုံကို ပို့ပေး လိုက်တယ်ခင်ဗျ။”

ဒါ့အပြင် အနီးအနားမှာ မီးကျည်စတွေ လွှင့်စင်တာ၊ ပြေးလွှားရင်း ခလုတ်တိုက်ချော်လဲ တာတွေကြောင့် ဒဏ်ရာရသူတွေလည်းရှိသေးကြောင်း၊ အနည်းဆုံး ၁၂ ဦးလောက်ရှိပြီး  ဆေးရုံမှာ တက်ရောက်ကုသနေရသူကတော့ စုစုပေါင်း ၆ ဦးရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဆေးရုံမှာ တက်ရောက်ကုသနေရသူ ၆ ဦးမှာ ၀က်သားတုတ်ထိုးဆိုင်မှ ဒေါ်အေးအေးသိန်း (၄၃ နှစ်)နဲ့  အိစန္ဒာမင်း (၁၂ နှစ်) တကိုယ်လုံးမီးလောင်ဒဏ်ရရပြီး စိုးရိမ်ရတဲ့ အခြေအနေ ရှိကြောင်း။  မခိုင်သဇင် (၂၁ နှစ်)၊ ကောင်းမြတ်မိုး (၃၀ နှစ်) ဝေေ၀အောင် (၂၁ နှစ်) ထူးခန့်လင်း (၇ နှစ်) တို့ ၄ ဦးမှာတော့ ခြေထောက်မှာရော လက်တွေမှာပါ မီးလောင်ဒဏ်ရာရခဲ့တယ်လို့  ခရိုင်မှူးက ပြောပါတယ်။

ဒဏ်ရာရသူတွေထဲမှာ ၂ ဦးသေဆုံးကြောင်း သတင်းတွေထွက်ပေါ်နေပေမယ့် အတည်ပြု လို့ မရသေးဘူးလို့ ခရိုင်မှူးက ဆက်ပြောပါတယ်။

မီးလောင်သွားတဲ့ တွံတီးမီးပုံးပျံမှာ ကန်အရှေ့ရပ်ကွက်ကိုယ်စားပြုဝင်ပြိုင်တာဖြစ်ပြီး ယမ်း အလေးချိန်မှာ ၂၅ ပိဿာခန့်ရှိကြောင်း၊ ကုန်ကျစရိတ်မှာလည်း  ကျပ်သိန်း ၄၀ ကျော်တယ်လို့ ပွဲ ခင်းရောက် ဒေသခံတဦးက ပြောပါတယ်။

မနေ့ညက အခုလို မီးလောင်မှုဖြစ်ပွားပေမယ့်လည်း ကျန်တဲ့ မီးပုံးပျံပြိုင်ပွဲကိုတော့ ဆက်လက်ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက နှစ်စဉ် ကျင်းပလာတဲ့ ရိုးရာပွဲတော်ဖြစ်ပြီး နှစ်တိုင်းလည်း အခုလို မီးပုံးပျံပျက်ကျမှုနဲ့ ကြုံရကြောင်း၊ မီးပုံးပျံပွဲဝင်ပရိဿတ်တွေအနေနဲ့ သတ်မှတ်ထားတဲ့နေရာကနေ အန္တရာယ်ကို သတိထားပြီး ကြည့်ရှုအားပေးဖို့ ဈေးသည်တွေလည်း သတ်မှတ်တဲ့ဆိုင်ခန်းတွေမှာဘဲ စည်းကမ်းရှိရှိရောင်းချဖို့ လိုအပ်ကြောင်း တောင်ကြီးခရိုင်မီးသတ်ဦးစီးမှူးက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013