DVB Logo
Home
မြန်မာသတင်း
မြင်းခြံတွင်​ ကြက်​သွန်​နီ​ဈေးနှုန်း အနည်းငယ်​ ကျဆင်းလာ​နေ
DVB
·
October 31, 2017
Donate to DVB

ကြက်သွန်နီ အဓိကထွက်ရှိရာဒေသဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မှာ အောက်တိုဘာ ဒုတိယအပတ်လောက်ကစပြီး ကြက်သွန်နီဈေးနှုန်း အနည်းငယ် ကျဆင်းလာနေတယ်လို့ မြင်းခြံကုန်စည်ဒိုင်အသင်း တာဝန်ရှိသူတဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

မြင်းခြံမြို့နယ်ဟာ ကြက်သွန်နီ အထူးထွက်ရှိရာဒေသဖြစ်ပြီး လက်ရှိမှာတော့ မိုးကြက်သွန်နီ ပေါ်လာပြီး ဖြစ်ပြီး တရုတ်ပြည်ဘက်က တင်သွင်းလာတဲ့ တရုတ်ကြက်သွန်နီ ဝင်ရောက်လာမှုကြောင့် ဈေးနှုန်း ကျဆင်းလာနေပါတယ်။

မြင်းခြံကုန်စည်ဒိုင်အသင်း အဖွဲ့ဝင် ဦးသန့်ဇင်က  “ခုလက်ရှိ အနေအထားမှာ ကြက်သွန်နီ ဈေးနှုန်းကျဆင်းနေပါတယ်။ အဓိကကတော့ ရန်ကုန်နဲ့လည်း ဆိုင်တာပေါ့။ ရန်ကုန်မှာ ကြက်သွန်ကားတွေ အဝင်များပြီး အရောင်းအဝယ် အေးနေရင် နယ်တွေမှာက ဈေးနှုန်း ကျဆင်းလာပဲလေ။ ပြီးတော့ ဒီနယ်တွေမှာ ထွက်တဲ့ မိုးကြက်သွန်ကလည်း လှိုင်လှိုင်ပေါ်နေပြီ။ နောက်ပြီး တရုတ်ပြည်ဘက်က ဝင်လာတဲ့ တရုတ်ကြက်သွန်နီတွေကလည်း များများဝင်ရောက်လာနေတာ တွေ့နေရတော့ ကြက်သွန်ဈေးနှုန်း ကျဆင်းလာရတာပေါ့”လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာတော့ မြင်းခြံမြို့ပေါ်မှာ နေ့စဉ် နွေကြက်သွန်နီ၊ မိုးကြက်သွန်နီတွေ ကုန်ချိန် ၁၅၀၀၀ လောက် နေ့စဉ်ပုံမှန် ဝင်ရောက်မှုရှိနေတယ်လို့ သိရပါတယ်။

ကြက်သွန်ရောင်းချနေသူ အမျိုးသမီးတဦးက "အရောင်းအဝယ်ကတော့ ထင်သလောက် မဖြစ်ပါဘူး။ ဒါပေမဲ့ ဟင်းချက်ရာမှာက မပါလို့ မဖြစ်ဘူးလေ။ တရုတ်ကြက်သွန်နီက တခြား ကြက်သွန်နဲ့စာရင် ဈေးချိုတာဆိုတော့ တရုတ်ကြက်သွန်နီလည်း ရောင်းရပါတယ်”လို့ ပြောပါတယ်။

ခုအောက်တိုဘာလဆန်းပိုင်းမှာ ကြက်သွန်နီဈေးနှုန်းမှာ ၁ ပိဿာ အမြင့်ဆုံး ၂၅၀၀ ကျပ်အထိ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု လက်ရှိမှာတော့ နွေကြက်သွန်နီ၊ လက်ကားဈေးနှုန်း ၁ ပိဿာ ၁၈၀၀ မှ ၂၃၀၀ ကျပ်ရှိပြီး၊  မိုးကြက်သွန်နီ ၁ ပိဿာ ၃၀၀ မှ ၁၃၀၀ ကျပ်နဲ့ တရုတ် ကြက်သွန်နီ လက်လီဈေးနှုန်း ၁ပိဿာ ၁၂၀၀ မှ ၁၅၀၀ ကျပ် ဈေးနှုန်းနဲ့ အရောင်းအဝယ် ပြုလုပ်နေကြပါတယ်။

သတင်း၊ ဓာတ်ပုံ - ရီရီထွန်း (မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013