DVB Logo
Home
မြန်မာသတင်း
ပဲနွယ်ကုန်းမြို့အနီး ၅ တန်း ကျောင်းသားတဦး ဆွဲကြိုးချ သေဆုံး
DVB
·
October 30, 2017
ပဲနွယ်ကုန်းမြို့အနီး ၅ တန်း ကျောင်းသားတဦး ဆွဲကြိုးချ သေဆုံး
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးနယ်၊ ကြိမ်ခါးကုန်းကျေးရွာမှာ ဒီနေ့ အောက်တိုဘာ ၃၀ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်လောက်က ငါးတန်းကျောင်းသားတဦး ဆွဲကြိုးချ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ပဲနွယ်ကုန်းနယ်မြေရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။

ပဲနွယ်ကုန်း နယ်မြေရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ်အောင်ဆန်းထူးက “ဖအေနဲ့ မအေနဲ့တော့ ကွဲနေကြတာ ကြာပြီတဲ့။ ကလေးက ဒီနေ့ ကျောင်းကနေ ပြန်လာပြီးတော့ ဖြစ်သွားတာ။ ကျောင်းမှာ လွယ်အိတ်လေးထားခဲ့သေးတယ်။ ပြီးတော့ အိမ်ထဲ ပြေးဝင်သွားတာကိုလည်း ပတ်ဝန်းကျင်က မြင်ကြတယ်ဗျ။ ပြီးတော့ သူ့အစ်မ ပြန်လာတော့မှ အခုလို ပုံစံနဲ့ တွေ့ရတာပါ။ ကလေးက စိတ်ကျရောဂါရနေတဲ့ပုံစံ ရှိတယ်” လို့  ဒီဗွီဘီကို ပြောပါတယ်။

ဖြစ်စဉ်မှာ ကြိမ်ခါးကုန်းကျေးရွာ အ.မ.က မူလွန်ကြိမ်ခါးကုန်းကျောင်းရှိ ပဉ္စမတန်းမှာ ပညာသင်ကြားနေတဲ့ မောင်-----ဟာ ကျောင်းဆင်းချိန်တွင် နေထိုင်ရာ အိမ်ကို ထမင်းစားပြန်ခဲ့ပြီး အိမ်ပေါ်ရှိ အမြင့် ၆ ပေ ၉ လက်မ ထုပ်တန်းမှာ သုံးမူးလုံးခန့် အရှည် ၁၁ ပေခန့်ရှိတဲ့ နိုင်လွန်ကြိုးကို ကွင်းချောပြုလုပ်ပြီး အမြင့် ၁၀ လက်မခန့် ခုံပေါ်က ကြိုးဆွဲချရက် သေဆုံးနေတာကို တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“သူ့အဖေနဲ့ သူ့အမေနဲ့က ကွဲနေကြတာ။ သူ့အဖေ ပြန်တော့လည်း သူ့အမေလည်း ထွက်သွားပြန်ရော။ သူ့အမေကလည်း ထွက်သွားတာ ကြာပြီ။ ခုသေတဲ့ ကလေးက သူ့အစ်မ အိမ်မှာ နေတာလေ။ သူ့အစ်မကလည်း အိမ်ထောင်ကွဲနေတာ တော်တော်နွမ်းပါးကြပါတယ်။ ကလေးကတော့ အေးတယ်။ ဘယ်လိုဖြစ်သွားတာလဲကို တွေးမရဘူး”လို့ ပတ်ဝန်းကျင်နေ ပြည်သူတဦးက ပြောပါတယ်။

ဆွဲကြိုးချ သေဆုံးမှုနဲ့ ပတ်သက်ပြီး ပဲနွယ်ကုန်း နယ်မြေရဲတပ်ဖွဲ့စခန်းက သေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၇ အရ အမှုဖွင့်လှစ်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိနိုင်ရန် ပဲနွယ်ကုန်း ပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013