DVB Logo
Home
မြန်မာသတင်း
မင်္ဂလာဒုံ သင်္ဃန်းကျွန်းကြီး ကျူးကျော်နေအိမ်များကို စတင်ဖြိုဖျက်
DVB
·
October 30, 2017
မင်္ဂလာဒုံ သင်္ဃန်းကျွန်းကြီး ကျူးကျော်နေအိမ်များကို စတင်ဖြိုဖျက်
1 / 5
Donate to DVB

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးရပ်ကွက်အတွင်းက ဇေကမ္ဘာ ကုမ္ပဏီပိုင် ရန်ကုန်စက်မှုဇုန်တိုးချဲ့ (၁) ကော်မာရှယ် ဧရိယာမြေကွက်အမှတ် ၄ မှာ နေထိုင်သူတွေကို ဖယ်ရှားပေးဖို့ ဒီနေ့ ညနေ ၃ နာရီခွဲလောက် ဇေကမ္ဘာဝန်ထမ်းအင်အား ၄၀၀ ကျော်နဲ့ ရဲအင်အား ၁၅၀ နီးပါးရောက်ရှိနေပါတယ်။

မြေအကျယ်အဝန်း ၁၁ ဒသမ ၀၇၇ ဧကရှိတဲ့ အဲ့ဒီမြေနေရာကို အိုးအိမ်က မြေချပါမစ် တရားဝင်ထုတ်ပေးထားပါတယ်။ ဒီမြေဧကတွေနဲ့ပတ်သက်ပြီး အမှုရင်ဆိုင်နေသူ ၃ ဦးရှိပြီး အမှု ရှုံးနိမ့်ခဲ့တဲ့အတွက် လက်ရှိ အဲဒီမြေနေရာမှာ ကျူးကျော်ဝင်ရောက်နေထိုင်နေတဲ့အိမ်တွေကို ၁၀ ရက်အတွင်း ဖယ်ရှားပေးဖို့ အမိန့်စာနဲ့ရောက်လာပြီး အိမ်တွေကို ဖြိုဖျက်ပေးဖို့ နေ့လယ် ၁၂ ခွဲကနေ ၁ နာရီခွဲအထိ အချိန်ပေးခဲ့ပါတယ်။ နေ့လယ် ၁ နာခွဲမှာ အိမ်တအိမ်ကို စတင်ဖြိုခဲ့ပြီး ကျန်တဲ့အိမ်တွေဖြိုဖို့အတွက် မြေပုံတိုင်းတာနေပါတယ်။

နေ့လယ် ၃ နာရီလောက်မှာတော့ နှစ်ဖက်အခြေအနေ တင်းမာနေသလို မြေပုံ တိုင်းတာမှုအရ အငြင်းပွားမှုတွေလည်း ရှိနေတဲ့အတွက် အိမ်တွေဖျက်ဖို့ မြေတိုင်းတာတွေ လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013