DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာ ဆည်မြောင်းဘောလုံးကွင်းတွင် ဗုံးသီးအဟောင်းတလုံးတွေ့
DVB
·
October 30, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၊ ဝန်ဇင်းရပ်ကွက်၊ ဆည်မြောင်းဘောလုံးကွင်းအတွင်း အောက်တိုဘာလ ၂၉ ရက်မနက်က မြေထဲမြုပ်နေတဲ့ ဗုံးသီးအဟောင်းတလုံး တွေ့တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးရုံးက ပြောပါတယ်။

ဝန်ဇင်းရပ်ကွက် (၁) နယ်မြေမှူး ဦးမြင့်လွင်က ဖုန်းနဲ့ သတင်းပေးတာကြောင့် စစ်မြေပြင် အင်ဂျင်နီယာတပ် (၉၁၀)၊ ခွဲ (၂) မှ တပ်ကြပ်ကြီးတင်ထွန်းအောင်နဲ့အဖွဲ့က ဆည်မြောင်းဝင်းအတွင်းက ဘောလုံးကွင်း တောင်ဘက်ဂိုးတိုင် ကော်နာထောင့်မှာ မြေထဲ မြုပ်နေတဲ့ ဗုံးသီးအဟောင်းကို တူးဖော်ပါတယ်။ အမှတ် ၃၆ ခွင်းဗုံးတလုံး တူးဖော်ရရှိခဲ့တယ်လို့ အမှတ် (၂) ရဲစခန်းက ပြောပါတယ်။

မိတ္ထီလာအမှတ် (၂) ရဲစခန်း ဒုရဲအုပ်လှမျိုးသူက “စစ်အတွင်းက အသုံးပြုပြီး ဗုံးအဟောင်းတလုံးပါ။ စနက်တံ မပါ။ ဖင်အပိတ်မပါတဲ့ ခွင်းဗုံးတလုံးပါ။ ဘောလုံးကွင်းထောင့်မှာ မြေကြီးထဲ မြုပ်နေခဲ့တာ ပြန်ပေါ်လာတာပေါ့” လို့ ပြောပါတယ်။

ဆည်မြောင်းဘောလုံးကွင်းအတွင်းက တူးဖော်တွေ့ရှိတဲ့ ဗုံးသီးအဟောင်းကို တပ်မတော်ဘက်ကို လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013