DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းမကြီးတွင် လမ်းဖြတ်ကူးသည့် တပ်မတော်သား ကားတိုက်သေဆုံး
DVB
·
October 30, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ဇီးပင်သာ အမြန်လမ်းရဲစခန်းအပိုင် ၁၅၅ မိုင်၊ ၁ ဖာလုံနဲ့ ၂ ဖာလုံအကြား အမြန်လမ်းမကြီးတမှာ မနေ့ညက လမ်းဖြတ်ကူးတဲ့ တပ်မတော်သား တဦး ကားတိုက် သေဆုံးခဲ့တယ်လို့  အမြန်လမ်းရဲစခန်း တာဝန်ရှိ ရဲအရာရှိတဦးက ပြောပါတယ်။

အောက်တိုဘာ၂၉ ရက်နေ့ ည ၇ နာရီဝန်းကျင်က နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက် ယာဉ်မောင်း ဦးညီညီအောင် (၄၉-နှစ်) မောင်းနှင်လာတဲ့ ALPHARD အဖြူရောင် မော်တော်ယာဉ်ဟာ လမ်းမကြီးအရှေ့ဘက်က အနောက်ဘက်ကို လမ်းဖြတ်ကူးလာတဲ့ တောင်ငူ လေကြောင်းရန် ကာကွယ်ရေးတပ် (၁၀၁၅) က တပ်သားဇော်လင်းလင်းအောင် (၃၄-နှစ်) ကို ဝင်ရောက်တိုက်မိခဲ့တာပါ။

ဇော်လင်းအောင်မှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“ဖြစ်တာကတော့ လမ်းဖြတ်ကူးတာကို တိုက်မိတာပါ။ ဖြတ်ကူးတာ ခြေကျင်ပါ၊ ဆိုင်ကယ်နဲ့ မဟုတ်ပါဘူး။ ကျန်တာတွေကတော့ စခန်းကိုပဲ ဖုန်းဆက် မေးလိုက်ပါ။ ကျနော်က မ.ဆ.ရ (၃) ဆေးရုံ (အမှတ် (၃) စစ်မြေပြင် ဆေးတပ်ရင်း၊ တောင်ငူ) ရောက်နေလို့ပါ”လို့ အမြန်လမ်းရဲစခန်း တာဝန်ရှိရဲအရာရှိတဦးက ပြောပါတယ်။

အခုလို လူသေဆုံးအောင် အမြန်လမ်းမကြီးပေါ် ဖြတ်သန်းသွားလာခွင့်မရှိဘဲ လမ်းဖြတ်ကူးသူ တပ်သား ဇော်လင်းအောင်ကို ဇီးပင်သာအမြန်လမ်း ရဲစခန်းက ယာဉ်(ပ)၁၇/၂၀၁၇၊ပုဒ်မ ၃၀၄-က နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း - သားကြီး(တောင်ငူ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013