DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာတွင် အမျိုးသားတဦး လည်ပင်းကို ကတ်ကြေးဖြင့် လှီးဖြတ်သေဆုံး
DVB
·
October 30, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ နယ်မြေ (၂) နန်းတော်ကုန်းရပ်ကွက်မှာ အောက်တိုဘာလ ၂၉ ရက် ည ၁၂ နာရီက အမျိုးသားတဦး လည်ပင်းကို ကတ်ကြေးနဲ့ လှီးဖြတ်သေဆုံးတယ်လို့ မိတ္ထီလာအမှတ်(၂) ရဲစခန်းတာဝန်ရှိသူတဦးက ပြောပါတယ်။

ဖြစ်စဉ်မှာ နန်းတော်ကုန်းရပ်ကွက်မှာ နေတဲ့ အသက် ၄၅ နှစ်ရှိ လွင်အောင်ခိုင် အိပ်ရာထဲ အိပ်နေရင်း အနီးမှာရှိတဲ့ ကတ်ကြေးကိုယူပြီး မိမိကိုယ်ကိုယ်မိမိ လည်ပင်းလှီးဖြတ် သေဆုံးသွားတယ်လို့ မိခင်ဖြစ်သူ အသက် ၇၅ နှစ်ရှိ အငြိမ်းစားကျောင်းဆရာမ ဒေါ်သန်းရွှေက ပြောပြတယ်။

သေဆုံးသူဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက စိတ်ကျန်းမာရေး ချို့တဲ့နေသူ ဖြစ်တယ်လို့ အမှတ် ၂ ရဲစခန်းက ပြောပါတယ်။

ဒုရဲအုပ်လှမျိုးသူက "အိပ်ရာထဲမှာပဲ လည်ပင်းကို ကတ်ကြေးနဲ့ လှီးပြီးသေဆုံးနေတာ တွေ့ရတယ်။ မိခင်နဲ့ အရပ်ထဲက ပြောတာကတော့ စိတ်ကျန်းမာရေး ချို့ယွင်းနေတယ် ဆိုတာ သိရတယ်" လို့ ပြောပါတယ်။

မိတ္ထီလာအမှတ် (၂) ရဲစခန်းမှာ သေမှုသေခင်းအမှုအမှတ် ၁၂/၂၀၁၇ နဲ့ အမှုဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် စုံစမ်းစသ်ဆေးနေပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013