DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့တွင် လက်လုပ်ဗုံး အလုံး ၄၀ တွေ့ရှိ
DVB
·
October 30, 2017
မောင်တောမြို့တွင် လက်လုပ်ဗုံး အလုံး ၄၀ တွေ့ရှိ
Donate to DVB

 

ရခိုင်ပြည်နယ် မောင်တောမြို့မှာ မနေ့က လက်လုပ်ဗုံး အလုံး ၄၀ တွေ့ရှိ သိမ်းဆည်းခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၉ ရက် မနက်က မောင်တောမြို့ မြို့မမြောက်ရပ်ကွက်နေ ဦးညွန့်တင်ဟာ နေအိမ်အနီးရှိ ချောင်းအတွင်းငါးရှာစဉ် ရပ်ကွက်ရှိ မြောင်းကူးတံတားအောက် ရေစပ်မှာ မသင်္ကာဖွယ် ပလတ်စတစ်ထုပ်တွေ့ရှိတဲ့အတွက် ဖွင့်ဖောက်ကြည့်ရှုခဲ့ရာ အိတ်အတွင်းမှ  နှစ်ဖက်ပိတ် ပလတ်စတစ်ပိုက်တွေကို တွေ့ရှိခဲ့ပြီး မိုင်းလို့ယူဆတဲ့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို သတင်းပေးပို့တာ ဖြစ်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မိုင်းတွေ့ရှိတဲ့နေရာကို သွားရောက်ရှင်းလင်းရာ အချင်း ၁ လက်မခွဲ၊ အရှည် ၆ လက်မရှိ ပီပီစီပိုက်နဲ့ ပြုလုပ်ထားပြီးအတွင်းမှာ Burgel အမျိုးအစားအားမြှင့်ယမ်းတွေနဲ့ အချင်း ၁ စင်တီမီတာခန့်ရှိ ဘောစေ့အလုံး ၁၀၀ ခန့်စီထည့်သွင်းထားတဲ့ လက်လုပ်ဗုံး ၄၀ လုံးကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ တာလို့ဆိုပါတယ်။

တွေ့ရှိတဲ့ လက်လုပ်ဗုံးတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေး သက်မဲ့ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013